ရေစကြို၊ မတ် ၁၃၊ ၂၀၂၂။
ရေစကြိုမြို့နယ် စည်သာအုပ်စု ဂွေးချိုရွာ ပျူစောထီးခေါင်းဆောင်နေအိမ်အား မတ်လ ၁၃ ရက်နေ့တွင် မဟာမိတ်အဖွဲ့ ၅ ဖွဲ့ပူးပေါင်း၍ဝင်ရောင်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့များထွက်ပြေးသွားကြောင်း Phoenix အထူးပြောက်ကျားတပ်ဖွဲ့တာဝန်ခံမှ သိရသည်။
“ကျနော်တို့ ရေစကြို တောင်ဘက်အခြမ်းမှာဆိုရင် ပျူစောထီးအင်အားကောင်းတယ်၊ ပြည်သူတွေကိုလည်း တော်တော်နှိပ်စက်နေတာလည်းများတယ်၊ အဲဒီဘက်မှာ ပျူစောထီးသင်တန်းအပါတ်စဉ် ၁ ၊၂ ပေးထားတာတွေလည်းရှိတယ်၊ အပါတ်စဉ် ၃ ပေးဖို့ကိုလည်း သူတို့စီစဉ်နေတာကို ကျနော်တို့သတင်းအတိအကျရတယ်၊ ကျနော်တို့သွားပြီး စီးနင်းခဲ့တာက သင်တန်းကိုတော့မဟုတ်ဖူး၊ သင်တန်းပေးမဲ့ပျူစောထီးခေါင်းဆောင် ဝေလွင်ရဲ့အိမ်ကို သွားရောက်စီးနင်းခဲ့တာ၊ နေ့လည် ၁၁ နာရီခွဲလောက်မှာစီးနင်းခဲ့တယ်၊ အပြန်အလှန်ပစ်ခတ်မှုတွေနည်းနည်းတော့ဖြစ်ခဲ့တယ်၊ သူတို့ဘက်က ထိခိုက်မှုကတော့ရှိတယ်၊ သူတို့ပြန်ပြီးဆုတ်သွားတယ်၊ ပြန်ပြီးတော့ပြေးကြတယ်၊ သွေးကွက်တွေတော့ တွေ့ခဲ့ရတယ်၊ နောက်ပြီး ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဖျက်ဆီးမှုတော့လုပ်ခဲ့တယ်၊ ကျနော်တို့ မဟာမိတ်အဖွဲ့ ၅ ဖွဲ့ပူးပေါင်းစီးနင်းခဲ့တာပါ ” လို့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောသည်။
ပျူစောထီးခေါင်းဆောင်နေအိမ်အား Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ Urban Underground Revolution Force - YSO သိန်းငှက်ပြောက်ကျားအဖွဲ့၊ Southern Yesagyo PDF၊ PKU N PDF စသည့် ညီနောင်မဟာမိတ်အဖွဲ့များ ပူးပေါင်းစီးနင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment