ရွှေဘိုမြို့ရှောင်လမ်း (ပုံဟောင်း)/Photo – CJ |
မတ် - ၁၀
ရွှေဘိုနယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းပြီး လူသတ်၊ နေအိမ်မီးရှို့၊ အကြမ်းဖက်နေတဲ့ စစ်အုပ်စုကို လက်စားချေတဲ့ အနေနဲ့ မနေ့ည (၁၀)နာရီလောက်က ရွှေဘိုမြို့ရှောင်လမ်းမှာ စစ်အုပ်စုကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ တစ်ဦး ပွဲချင်းပြီး သေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ စစ်ကိုင်းဒေသ BLACK WOLF PDF က သတင်းထုတ်ပြန်ပါတယ်။
မနေ့ မတ်(၉)ရက် ညပိုင်းက ရွှေဘိုမြို မြိုရှောင်လမ်းမှာ စစ်သုံး FAW ကားနဲ့ လှည့်ပတ်သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖြစ်တဲ့ နတ်တောင်နဂါးအဖွဲ့၊ Ghost Rider အဖွဲ့နဲ့ BLACK WOLF PDF တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“သုံးဖွဲပေါင်း မိုင်းသုံးလုံးဖြင့် မိုင်းဆွဲခဲ့ရာ မိုင်းဆွဲခံရသော နေရာတွင် စခ တစ်ကောင် ဂိန် ပြီး ကျန် အို ၊ နာ ၊ ကျိုးကန်း စခများကို ဆေးရုံသို ခေါ်ဆောင်သွားပါသည်။ အဖွဲသားများလည်း အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်။ ရွာများအား မီးရှိခဲ့သော ကြောင့် လက်စားချေခြင်း ဖြစ်သည်” လို့ BLACK WOLF PDF က ဖော်ပြပါတယ်။
မနေ့ည (၁၀)နာရီက ရွှေဘိုတမြို့လုံးနီးပါး အဲ့ဒီပေါက်ကွဲသံ အကျယ်ကြီးကို ကြားခဲ့ရတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။ စစ်အုပ်စု အသေအပျောက် အခြေအနေနဲ့ ပတ်သက်လို့ကတော့ MFP အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်အုပ်စုဟာ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ဝက်လက်၊ တန့်ဆည် စတဲ့ ရွှေဘိုခရိုင်အတွင်းက ကျေးရွာတွေကို ရွာစဉ်ပတ်မွှေပြီး အကြမ်းဖက်စီးနင်းတာ၊ လူသတ်တာ၊ ဓားပြတိုက်လုယက်တာ၊ အဓမ္မပြုကျင့်တာ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာ၊ ဖမ်းဆီးနှိပ်စက် ငွေညှစ်တာ၊ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားပြီး သတ်ဖြတ်မီးရှို့တာ စတာတွေကို ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment