ဒီမော့ဆိုကို စစ်ကောင်စီက လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်လာ


ဒီမော့ဆို၊ မတ် ၁၁

ကရင်နီ(ကယားပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်ကို စစ်ကောင်စီက မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံ လုပ်ဆောင်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဝတ်ပြု ဘုရားကျောင်း အပါအဝင် သီလရှင် လူအိုရုံ ထိခိုက်ပျက်စီးခဲ့သလို ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တာပါ။

ကရင်နီ (ကယားပြည်နယ်)ရဲ့ ဒေသခံတွေ ဖြစ်တဲ့ မိုးဗြဲ ၊ နန်းမယ်ခုံ ၊ ဒီမော့ဆိုမြို့နယ်တွေကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီက သံချပ်ကာကား၊ တင့်ကား အပါအဝင် အင်အားအလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်လာသလို ဝေဟင်ကလည်း လေယာဉ်နဲ့ တိုက်ခိုက်တွေ ဆက်တိုက် လုပ်ဆောင်လာတာပါ။

စစ်ကောင်စီက အင်အားအလုံးအရင်း တိုက်ခိုက်နေတဲ့အတွက်ကြောင့် မတ်လ ၉ ရက်နေ့မှာ KGZ စစ်ကြောင်းမှူး ဗိုလ်ဆော်ရယ်နဲ့ ကယ်ဆယ်ရေး အမျိုးသမီးရဲဘော် ၁ ဦး ကျဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်  ၅ ဦး နီးပါး ဒဏ်ရာရရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစပြီး ကရင်နီ (ကယားပြည်နယ်)မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်နေပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများနေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတဲ့အတွက် ကရင်နီ (ကယားပြည်နယ်)မှာ စစ်ရှောင်ဦးရေ ပိုတိုးလာလို စစ်ရှောင်ပြည်သူ အများစု ရေရှားပါးလာတဲ့ ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။


သတင်း - သံလွင်တိုင်းမ်


ဒီမော့ဆိုကို စစ်ကောင်စီက လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်လာ ဒီမော့ဆိုကို စစ်ကောင်စီက လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်လာ Reviewed by THITHTOOLWIN on 19:09 Rating: 5

No comments:

Powered by Blogger.