မ‌န္တလေး၌ ဒဏ်ရာများဖြင့် စွန့်ပစ်ထားသည့် အမျိုးသားအလောင်း (၂) လောင်းကို ယနေ့တွေ့


မန္တလေး၊ မတ်လ (၃)

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့၌ သေဆုံးနေသည့် အမျိုးသားအလောင်း (၂) လောင်း ယနေ့တွေ့ရှိခဲ့‌ကြောင်း မြို့ခံများထံက သိရသည်။

ယနေ့ နံနက်ပိုင်းက မြို့ပတ်လမ်းအနီး ရေတံခွန်တောင်သွားလမ်းပေါ်ရှိ အမှိုက်ပုံတွင် စွန့်ပစ်ထားသည့် အမျိုးသားအလောင်းကို တွေ့ရှိခဲ့သည်။

၎င်းကို စစ်တပ်ကဖမ်းဆီးပြီးနောက် စွန့်ပစ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု မြို့ခံများက ယူဆထားကြပြီး စစ်ကားကင်းလှည့်ချိန် အဆိုပါအလောင်းကိုတွေ့သော်လည်း ရှေ့ဆက်သွားခဲ့သည်ဟု ဆိုကြသည်။

ထိုအလောင်းမှာ အသက် (၃၅) နှစ်အရွယ် အမျိုးသားအလောင်းဖြစ်ပြီး မျက်လုံးတစ်ဖက်မပါရှိကြောင်း သိရသည်။

ထို့နောက် ယနေ့နေ့လယ်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ် (၅၇) လမ်းနှင့် (၁၂၈) လမ်းအနီး၌ ထိုးသွင်းဒဏ်ရာများဖြင့် အသက် (၂၀) ကျော်အရွယ်အမျိုးသားအလောင်းတစ်လောင်းကို ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေ၌ စစ်တပ် အာဏာသိမ်းပြီးနောက် သွားလာနေသည့် ပြည်သူများကို လုယက်သတ်ဖြတ်မှုများ ဆက်တိုက် ဖြစ်ပေါ်နေသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်ကလည်း ပြည်သူများကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်နေသည်။

ယမန်နေ့ မတ်လ (၂) ရက်နေ့က အမရပူရမြို့နယ်ရှိ CDM ကျောင်းဆရာများကို စစ်တပ်ကဝင်ဖမ်းချိန် ဓာတ်ပုံရိုက်သောကြောင့်ဟုဆိုကာ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် (၃) ချက် ပစ်သတ်ခဲ့သေးသည်။


Lu Nge Khit

မ‌န္တလေး၌ ဒဏ်ရာများဖြင့် စွန့်ပစ်ထားသည့် အမျိုးသားအလောင်း (၂) လောင်းကို ယနေ့တွေ့ မ‌န္တလေး၌ ဒဏ်ရာများဖြင့် စွန့်ပစ်ထားသည့် အမျိုးသားအလောင်း (၂) လောင်းကို ယနေ့တွေ့ Reviewed by THITHTOOLWIN on 23:31 Rating: 5

No comments:

Powered by Blogger.