စစ်ကိုင်းမြို့တွင် ဆေးရုံစောင့် စစ်မှုထမ်းဟောင်းများ အချင်းချင်းစကားများ၍ ပစ်ခတ်ကြရာ (၂) ဦးသေဆုံးပြီး (၁) ဦးအရေးပေါ်အခြေအနေတွင်ရှိနေ
မတ် ၁၂
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ကုတင် ၂၀၀ ဆံ့ ဆေးရုံ အစောင့်အဖြစ် စစ်ကောင်စီကခန့်အပ်ထားသော စစ်မှုထမ်းဟောင်းများသည် ယနေ့ မနက်ပိုင်းက အချင်းချင်းစကားများပြီး ပစ်ခတ်ကြရာ (၂) ဦးသေဆုံးခဲ့ပြီး (၁) ဦး အရေးပေါ်အခြေအနေတွင်ရှိနေကာ အသက်အန္တာရာယ်စိုးရိမ်ရကြောင်း စစ်ကိုင်းမြို့သတင်းရင်းမြစ်ကထုတ်ပြန်သည်။
စစ်ကိုင်း ကုတင် ၂၀၀ ဆံ့ဆေးရုံ အစောင့်အဖြစ် စစ်မှုထမ်းဟောင်းသက်ကြီးရွယ်အိုများအား စစ်ကောင်စီက နေ့စား တစ်ရက် ၇၀၀၀ နှုံးနဲ့ ခန့်ထားတာလို့ သိရကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားသည်။
PDF Newsflash
စစ်ကိုင်းမြို့တွင် ဆေးရုံစောင့် စစ်မှုထမ်းဟောင်းများ အချင်းချင်းစကားများ၍ ပစ်ခတ်ကြရာ (၂) ဦးသေဆုံးပြီး (၁) ဦးအရေးပေါ်အခြေအနေတွင်ရှိနေ
Reviewed by THITHTOOLWIN
on
03:43
Rating:
No comments:
Post a Comment