မဲခေါင်၊ မတ် ၈
ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာ သို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ ယနေ့ နံနက် (၀၂း၀၀) နာရီ တွင် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု KNDF က ထုတ်ပြန်သည်။
ထိုဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ဆောင် ပျက်စီးခဲ့ရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျေးရွာသူရွာသားများနှင့် စစ်ဘေးရှောင် ပြည်သူများစသော အရပ်သားပြည်သူများသာ ခိုအောင်းနေသော ဆောင်ဒူကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခြင်းသည် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်သော စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းပင်ဖြစ်သည်ဟု KNDF က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် မတ် လ ၆ ရက် ဒီမော့ဆို၊ ကျောက်ဆည်ကန်တိုက်ပွဲတွင် ၅၀ ခန့်သေပြီး အရှင် ၂ ယောက်ဖမ်းမိကာ လက်နက်အများအပြား သိမ်းဆည်းရမိသည်ဟု KNDF ဘက်က ထုတ်ပြန်ထားသည်။
MeKong News - မဲခေါင်သတင်း
အထိနာသည့်စစ်ကောင်စီ ဒီမော့ဆိုက အရပ်သားပစ်မှတ်များအား ဗုံးကျဲတိုက်ခိုက်
Reviewed by THITHTOOLWIN
on
18:43
Rating:
No comments:
Post a Comment