စဥ့်ကူးတွင် စစ်​ကောင်စီတပ်ကား မိုင်းဆွဲခံရပြီး ငါးဦး​သေဟု နတ်​တောင်နဂါးတပ်​ပြော


မန္တလေးတိုင်း စဉ့်ကူးမြို့တွင် ယနေ့(မတ်လ ၁၇ ရက်)၊ နံနက် ၉နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီကား မိုင်းဆွဲခံရပြီး ငါးဦးသေဆုံးကြောင်း နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ 

"ရွာတော်လေးနဲ့ ငွေတောင်ရွာ ကြားကနေ စခ ကားတွေ ဖြတ်နေကြမို့ ကျွန်တော်တို့ အရန်သင့်မိုင်းတွေ ဆင်ထားခဲ့တယ်။ဒီနေ့ ထွက်လာမယ့် ကားကို ကြိုသတင်းရလို့ စောင့်ပြီး မိုင်းဆွဲခဲ့တယ်။ဆင်ထားတဲ့ မိုင်း ၁၈ လုံး စလုံး ခွဲတာ အောင်မြင်ခဲ့တယ်"ဟု နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ထို့ကြောင့် မိုင်းဆွဲခံရသော စစ်ကောင်စီယာဥ်ပေါ်မှ လိုက်ပါလာသူ ခုနှစ်ဦးခန့်အနက် ငါးဦးသည် သေဆုံးမည်ဟု ၎င်းက ဆိုသည်။

"သူတို့ ကားမှာ ဘယ်နှစ်ယောက်ပါလာလည်း ဆိုတာက အစ ကျွန်တော်တို့ အတိအကျ သိထားခဲ့တယ်။မိုင်းဆွဲခံရပြီးတော့ ပြန်ထပစ်နိုင်တာဆိုလို့ နှစ်ယောက်လောက်ပဲ ရှိတာ"ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ယနေ့ မိုင်းဆွဲ တိုက်ခိုက်မှုကို နတ်တောင်နဂါး(ပ က ဖ)ပျောက်ကြားတပ်ဖွဲ့ နှင့် GHOST RIDER Special Task Force  BURMA အဖွဲ့ပူးပေါင်းခဲ့ပြီး ရဲဘော်များအားလုံးဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြာင်း အသိပေးသည်။


People's Spring

စဥ့်ကူးတွင် စစ်​ကောင်စီတပ်ကား မိုင်းဆွဲခံရပြီး ငါးဦး​သေဟု နတ်​တောင်နဂါးတပ်​ပြော စဥ့်ကူးတွင် စစ်​ကောင်စီတပ်ကား မိုင်းဆွဲခံရပြီး ငါးဦး​သေဟု နတ်​တောင်နဂါးတပ်​ပြော Reviewed by THITHTOOLWIN on 23:46 Rating: 5

No comments:

Powered by Blogger.