မော်လိုက်မှာ အမည်မသိအဖွဲ့က တိုက်ခိုက်လို့ စစ်ကောင်စီ ၁ ဦးနဲ့ပျူ ၂ ဦးသေ


မော်လိုက်၊ မတ် ၁၄၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ် ထော်သာကျေးရွာမှာ ဒီကနေ့မနက် ၄ နာရီလောက်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီ ၁ ဦးနဲ့ ပျူစောထီး ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီကျေးရွာမှာ စစ်ကောင်စီက သင်တန်းပေးပြီးကျောထောက်နောက်ခံပေးထားတဲ့ ပျူစောထီးတွေက လူထုအပေါ်အနိုင်ကျင့် ဗိုလ်ကျဆပ်ကြေးကောက်နေတယ်လို့လည်း သိရပါတယ်။ 

"ဘယ်အဖွဲ့ကဝင်တိုက်တာလဲတော့ မသိဘူးဗျ။ အင်တာနက်လိုင်းကလည်းမရှိတော့ မသိရဘူး။ တိုက်ပွဲက တနာရီလောက်ကြာတယ်။ သေတဲ့သူက ညကကင်းစောင့်ထားပုံရတယ်။ သူကထော်သာကျေးရွာသားတော့ မဟုတ်ဘူးဗျ။ အောက်ဖက်ကနေ လာပြီးနေတာ ပျူစောထီးအဖွဲ့ဝင်လို့ ယူဆရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့အတွက် မော်လိုက်က စစ်ကောင်စီနဲ့ ရဲ အင်အား ၅၀ လောက် ထော်သာကျေးရွာ နယ်နိမိတ် နန်းတစ်ပင်ချောင်းကို စစ်ကြောင်းထိုးလာ​သလို ကလေးမြို့ကခြေလျင်တပ်ကလည်း မော်လိုက်နယ်ကို ဝင်ရောက်လာတဲ့အပြင် မော်လိုက်အရှေ့ဖက်ကမ်းက ညောင်ဝန်းကျေးရွာနဲ့ညောင်သပြေကျေးရွာတွေကိုလည်း စစ်ကောင်စီတွေက ရွာအဝင်အထွက် စစ်ဆေးနေမူတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။​


မြေလတ်အသံ - Myaelatt Athan

မော်လိုက်မှာ အမည်မသိအဖွဲ့က တိုက်ခိုက်လို့ စစ်ကောင်စီ ၁ ဦးနဲ့ပျူ ၂ ဦးသေ မော်လိုက်မှာ အမည်မသိအဖွဲ့က တိုက်ခိုက်လို့ စစ်ကောင်စီ ၁ ဦးနဲ့ပျူ ၂ ဦးသေ Reviewed by THITHTOOLWIN on 17:37 Rating: 5

No comments:

Powered by Blogger.