ဒီးမော့ဆို၊ ဒေါငံခါးကျေးရွာတွင် တစ်ပတ်အတွင်း စကစ ကအများပြည်သူပိုင် နေအိမ် ၄၀ထက်မနည်းမီးရှို့

Photo- DMO-PDF

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ ဒေါငံခါးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ တစ်ပတ်အတွင်း ပြည်သူပိုင်နေအိမ် ၄၀ ထက်မနည်း မီးရှို့ဖျက်စီးလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို က သတင်းထုတ်ပြန်ထားပါတယ်။

ဒေါငံခါးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို DMO-local PDF  ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား မတ်လ ၁၃ရက်နေ့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဖက်မှ အတွဲလိုက်ဒုံး (MLRS)များဖြင့် ပစ်ခတ်မှုကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ဒေါငံခါးကျေးရွာကို ခေတ္တဆုတ်ခွာပေးရတယ်။

ထို့အပြင် ပြည်သူလူထုတွေရဲ့ အကျိုးစီးပွားရေးကိုမကာကွယ်ရုံမက လုယက်၊ခိုးယူ၊ မီးရှို့ဖျက်စီး စတဲ့ အကြမ်းဖက်စစ်ကောင်စီရဲလုပ်ရပ်သည် မိမိတို့အနေဖြင့် ပြင်းထန်ထန်စွာ ရှုပ်ချပြီး စစ်ရေးအရ ပြန်လည်တုန့်ပြန်သွားမည်ဖြစ်ကြောင်း   ထုတ်ပြန်ထားပါတယ်။


KnIC 

ဒီးမော့ဆို၊ ဒေါငံခါးကျေးရွာတွင် တစ်ပတ်အတွင်း စကစ ကအများပြည်သူပိုင် နေအိမ် ၄၀ထက်မနည်းမီးရှို့ ဒီးမော့ဆို၊ ဒေါငံခါးကျေးရွာတွင် တစ်ပတ်အတွင်း စကစ ကအများပြည်သူပိုင် နေအိမ် ၄၀ထက်မနည်းမီးရှို့ Reviewed by THITHTOOLWIN on 20:18 Rating: 5

No comments:

Powered by Blogger.