ဒီးမော့ဆိုမြို့ ကျောက်ဆည်ကန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ လက်နက်သိမ်းဆည်းရမိ


ကရင်နီပြည် ဒီးမော့ဆိုမြို့  ငွေတောင်ကျေးရွာအုပ်စု ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး နဲ့ လက်နက်အချို့ကို သိမ်းဆည်းရမိတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဒီကနေ့ မတ်လ ၆ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ KNDF ၊ DMO-PDF၊ Loikaw PDF၊ ဖယ်ခုံ PDF ၊ အလယ်ပိုင်းတိုင်းစစ်ဆင်ရေးတပ်၊ KGZ မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့့တယ်လို့ သိရပါတယ်။   တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၄၀ကျော်သေဆုံးခဲ့တယ်လို့ KDF ကထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီတပ်က အကျအဆုံးများတဲ့အတွက် နေ့ခင်း ၂နာရီဝန်းကျင်မှာ လေယာဉ်နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ 

မတ်လ ၅ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့ သေးဆူလဲကျေးရွာနဲ့ ဒေါနော်ကူးကျေးရွာအကြားမှာ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၃၅ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ DMO-PDF ကထုတ်ပြန်ထားပါတယ်။



Kantarawaddy Times 


ဒီးမော့ဆိုမြို့ ကျောက်ဆည်ကန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ လက်နက်သိမ်းဆည်းရမိ ဒီးမော့ဆိုမြို့ ကျောက်ဆည်ကန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ လက်နက်သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 00:25 Rating: 5

No comments:

Powered by Blogger.