နွားထိုးကြီး မင်းစုံတောင်အနီးမှာ စစ်အုပ်စု မိုင်းဆွဲခံရပြီး (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရဟုဆို

မတ် - ၁၇

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် မင်းစုံတောင်အနီးမှာ ဆိုင်ကယ်နဲ့ သွားလာနေတဲ့ စစ်အုပ်စုကို ဒီကနေ့ နေ့လယ်ပိုင်းအချိန် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စကစ (၂)ဦး သေကာ (၂)ဦး ဒဏ်ရာရသွားတယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - NPDF က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ မတ်(၁၇)ရက် နေ့လယ်(၂)နာရီလောက်က နွားထိုးကြီးမြို့ပေါ်ကနေ ဆိုင်ကယ်နဲ့ ပြန်လာတဲ့ ကန်နားရဲစခန်းက စစ်အုပ်စုကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“နွားထိုးကြီးမြို့ပေါ်မှ အရိုးကိုက်၍ ပြန်လာသော ကန်နားရဲစခန်းမှ ရခ ဆိုင်ကယ်ယာဉ်တန်းကို NPDF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရခ (၂)ကောင်ကို ငရဲပြည်သိူ့ စရိတ်ငြိမ်း ပို့ဆောင်ပေးခဲ့ပြီး နောက် (၂)ကောင်မှာ စာအုပ်ရောင်းရန် အသင့်ဖြစ်သွားပါသည်” လို့ နွားထိုးကြီး NPDF က ဖော်ပြပါတယ်။

အဲ့ဒီမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်အုပ်စုက ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်နေသလို ထိခိုက်ဒဏ်ရာရတဲ့ စကစ (၂)ဦးဟာ ခြေထောက်နဲ့ ညာလက်မောင်း ထိခိုက်မိတာဖြစ်ပြီး တပ်ကြပ်အဆင့် တစ်ဦး ပါဝင်တယ်လို့ သတင်းကြားရကြောင်းနဲ့ လက်ရှိမှာ နွားထိုးကြီး ဆေးရုံမှာ ကုနေတယ်လို့ ကြားသိရကြောင်း ဒေသခံတွေက ဆိုပါတယ်။

နွားထိုးကြီး NPDF ကတော့ စစ်အုပ်စုကို ဆက်လက်တိုက်ခိုက်နိုင်ပြီး မုန့်ဟင်းခါး ပွဲရေများဖို့အတွက် အများပြည်သူရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်(၁၅)ရက်ကလည်း တောင်သာနယ်မှာ ဆိုင်ကယ်နဲ့ သွားလာနေတဲ့ စစ်အုပ်စုနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစ (၂)ဦး ထိခိုက်သေဆုံးနိုင်တယ်လို့ တောင်သာ PDF က ထုတ်ပြန်ထားပါတယ်။


Mandalay Free Press - MFP

နွားထိုးကြီး မင်းစုံတောင်အနီးမှာ စစ်အုပ်စု မိုင်းဆွဲခံရပြီး (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရဟုဆို နွားထိုးကြီး မင်းစုံတောင်အနီးမှာ စစ်အုပ်စု မိုင်းဆွဲခံရပြီး (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရဟုဆို Reviewed by THITHTOOLWIN on 23:47 Rating: 5

No comments:

Powered by Blogger.