မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်ရွေးစင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဘောလုံးသမားများကို ရှေ့တန်းလွှတ်သဖြင့် ၁၂ ဦး ထွက်ပြေး


မတ်လ ၃ ရက်

မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်ကောင်စီတပ်ဖွဲ့ဝင် လက်ရွေးစင်ဘောလုံးသမား ၁၂ ဦး ဇန်နဝါရီလကုန်ပိုင်းကစတင်၍ ထွက်ပြေးနေကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)လက်အောက်ခံတပ်ရင်းများမှ ရွေး ချယ်၍ လပခကိုယ်စားပြု ကြည်း/ရေ/လေဘောလုံးပြိုင် ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်ဘောလုံးကစားကြရသူ များဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်ဘောလုံးသမားများကို လပခအကြီးတန်းအရာရှိများက ရှေ့တန်းလွှတ်ရန်စီစဉ်နေသ ဖြင့်ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

'' သူတိုပြေးတာ ၁ လကျော်ပြီ၊ တလပိုင်းကုန် ၂လပိုင်းလ ဆန်းလောက်ပေါ့။သူတို့ရဲ့လုံခြုံရေးအခြေအနေအရ ပြောလို့မရတာကြောင့်။ သူတို့က အရင်ထဲက နန်းတွင်းထဲမှာဘဲcampသွင်းထားတာ။ အောက်တပ်ရင်းတွေကဘောလုံးကောင်းတဲ့သူတွေကိုပြန်ရွေးထားတာ။ တပ်တွေကတော့အစုံပေါ့။ သူတို့တပ်တွေကိုတောင်မပြန်ရဘူး။ ဘောလုံးလေ့ကျင့်တာနဲ့ပြိုင်ပွဲဝင်ရတာနဲ့ဒါဘဲလုပ်ရတာ။တိုင်းလက် ရွေးစင်တွေပေါ့။ လူလိုလို့ထင်တယ်သူတို့ကိုပါ ရှေ့ တန်းထွက်ရမယ်ဆိုပြီးခိုင်းတာနဲ့ ထွက်ပြေးသွားတာ '' ဟု အဆိုပါ ထွက်ပြေးသွားသူများနှင့်နီးစပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။

လက်ရှိတွင် အဆိုပါမန္တလေးနန်းတွင်းမှ ထွက်ပြေးနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံစိတ်ချရသည့်နေရာဒေသများတွင်ရောက်ရှိနေပြီဖြစ်ကြောင်း ၄င်းကဆက် လက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအနေဖြင့် စစ်အင်အားလိုအပ်ချက်များကြောင့် ရေ/လေ၊စစ်လက်ရုံးတပ်များကိုပါရှေ့တန်းသို့ပို့ဆောင်စေလွှတ်နေရပြီး စစ်အင်အားဖြည့်တင်းနေရကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သားများထွက်ပြေးနေမှုအား စစ်ကောင်စီဘက်မှတစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်မှ ဒု-ဗိုလ် မှူးကြီးအဆင့်အပါအဝင် CDMပြုလုပ်ထားသည့် တပ်မ တော်သား ၂၀၀၀ ကျော်ရှိပြီဟု ပြည်သူ့ရင်ခွင်အဖွဲ့ကထုတ်ပြန်ထားပြီး စစ်ကောင်စီလက်အောက်တွင် ဆက် လက်တာဝန်မထမ်းဆောင်လိုသဖြင့် မိမိအစီအစဥ်ဖြင့်ထွက်ခွာနေသည့် တပ်မတော်သားထောင်နှင့်ချီ၍ အများအပြားရှိပြီးဖြစ်ကြောင်း သိရသည်။


Ayeyarwaddy Times 

မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်ရွေးစင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဘောလုံးသမားများကို ရှေ့တန်းလွှတ်သဖြင့် ၁၂ ဦး ထွက်ပြေး မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်ရွေးစင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဘောလုံးသမားများကို ရှေ့တန်းလွှတ်သဖြင့် ၁၂ ဦး ထွက်ပြေး Reviewed by THITHTOOLWIN on 00:05 Rating: 5

No comments:

Powered by Blogger.