၂၀၂၂ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့။
အကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်မ (၆၆) စစ်ကြောင်းသည် ဒီးမော့ဆိုမြို့နယ်၊ နောင်ပုလဲနှင့် ဆိုဘောသဲ ကျေးရွာများသို့ ရောက်ရှိလျက်ရှိပြီး တာဝေးပစ်အမြောက်များ၊ ဒုံးများဖြင့် တိုက်ခိုက်မှုများအပြင် တပ်အင်အား ဖြည့်တင်းလျက်ရှိပါသည်။
မတ်လ (၁၇)ရက်နေ့ နံနက် (၀၆း၀၀) နာရီခန့်တွင် ဖရူဆိုမြို့နယ်အခြေစိုက် (ခမရ -၅၃၁) ကို ကရင်နီတပ်မတော်(KA) နှင့် KNDF တို့မှ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ (၁)ဦး သေဆုံးခဲ့ပါသည်။ ထို့အတူ မတ်လ (၁၈) ရက်နေ့တွင် ဖရူဆိုမြို့မ ရဲစခန်းနှင့် ခမရ (၅၃၁) တပ်အား ပြောက်ကျား တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ (၄)ဦးသေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရမှုများ ရှိခဲ့ပါသည်။
မတ်လ (၁၈) ရက်နေ့ မနက်ပိုင်းတွင် ဝါရီဆူးဖလှိုင်ကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်များနှင့် KNDF တပ်ရင်းတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ထိခိုက်ကျဆုံးမှုများကို အတည်မပြုနိုင်ခဲ့ပါ။
ထို့ပြင် မတ်လ (၁၉)ရက် နှင့် (၂၀) ရက်နေ့ နံနက်အစောပိုင်း (၀၅း၃၀) နာရီခန့်တွင် လွိုင်ကော်မြို့နယ်၊ ကယန်း သာယာလမ်းခွဲအနီးရှိ စစ်ဆေးရေးဂိတ်အနီးတ၀ိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်(KA)၊ KNDF တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ပါသည်။ ထိုတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ (၂) ဦး သေဆုံး ခဲ့ပါသည်။
မတ်လ (၂၁)ရက်နေ့ ည(၁၈း၀၀) နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော်(KA)၊ KNDF တို့ လွိုင်ကော်မြို့ နယ် လွယ်တမူကျေးရွာအနီး အဝေးပြေးလမ်းမတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။
မတ်လ (၂၂) ရက်နေ့ ည (၂၀း၀၀) နာရီတွင် နန်းမယ်ခုံမြို့အနီး နန့်စံခန်းကျေးရွာတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်များကို KNDF မှ ပြောက်ကျားတိုက်ခိုက်ခဲ့ပါသည်။ ထိုပြောက်ကျားတိုက်ခိုက်မှုမှာ (၁) နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများရှိခဲ့ပါသည်။
Karenni Nationalities Defense Force-KNDF

No comments:
Post a Comment