ပခုက္ကူမြို့နယ်လျှပ်စစ်ရုံး ဗုံးခွဲခံရ


ပခုက္ကူ၊မတ် ၃၊ ၂၀၂၂။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်လျှပ်စစ်ရုံးကို မတ်လ ၂ ရက် မနေ့ကညနေ ၆ နာရီမှာ ဗုံးဖောက်ခွဲခဲ့တယ်လို့  Pakokku People Defence Force-PPDFဆီက သိရပါတယ်။ 

ခုလိုဖောက်ခွဲတာက စစ်ကောင်စီလက်ချက်နဲ့ကျဆုံးခဲ့ရတဲ့ ကဗျာဆရာကေဇဝင်းကိုအောက်မေ့တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်သလို တဖက်မှာလည်း ပြည်သူတွေကို မိတာခတွေ အတင်းအကြပ်ကောက်ခံနေတဲ့ သတင်းတွေကြားရတာကြောင့် ခုလိုတခါတည်းဖောက်ခွဲလိုက်တာလို့  PPDF တာဝန်ခံက ပြောပါတယ်။ 

“ မနေ့က ညနေ ၆ နာရီခွဲခန့်မှာ လျှပ်စစ်ရုံးကိုကျနော်တို့အဖွဲ့ဖောက်ခွဲမှုလုပ်ခဲ့ပါတယ်၊ ဖောက်ခွဲတဲ့ပစ္စည်းကတော့ လက်ပစ်ဗုံးပါ၊ ဖောက်ခွဲရတဲ့အဓိက ရည်ရွယ်ချက်ကတော့ မီတာခ အတင်းအကြပ်ကောက်ခံနေတဲ့ သတင်းတွေ သိရလို့ သတိပေးတဲ့အနေနဲ့ပေါ့၊ ပြီးတော့ ဒီနေ့ ကိုကေဇဝင်း ‌ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်နဲ့ “ကေဇဝင်းစစ်ဆင်ရေး” ရဲ့ တစိတ်တပိုင်းအဖြစ်ဆောင်ရွက်ခဲ့တာပါ၊ “ လို့ ပြောပါတယ်။ 

ဒီဖောက်ခွဲမှုကြောင့် အဆောက်အဦးအနည်းအငယ်ထိခိုက်သွားပြီး၊ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေတော့ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ပခုက္ကူမြို့နယ်လျှပ်စစ်ရုံး ဗုံးခွဲခံရ ပခုက္ကူမြို့နယ်လျှပ်စစ်ရုံး  ဗုံးခွဲခံရ Reviewed by THITHTOOLWIN on 23:23 Rating: 5

No comments:

Powered by Blogger.