ရွှေဘိုနယ်မှာ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒရုန်းသုံးပြီး ဗုံးထု၊ မုန့်ဟင်းခါး နှစ်ပွဲရတယ်လို့ဆို

မတ် - ၇

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းပြီး တည်သီးတောရွာမှာ အထိုင်ချနေတဲ့ စစ်အုပ်စုကို ဒီကနေ့ မနက်ပိုင်းအချိန် ဒရုန်းအသုံးပြုပြီး ဗုံးထုတိုက်ခိုက်ခဲ့ရာမှာ စကစ နှစ်ဦး သေတယ်လို့ ရွှေဘို ဗိုလ်မိကျောင်းနှင့်ဗိုလ်ကျားပျံအဖွဲ့  - C&T SHWEBO က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ မတ်(၇)ရက်မှာ ရွှေဘိုမြို့နယ် တည်သီးတောရွာမှာ တပ်စွဲနေတဲ့ စကစနဲ့ ပျူတွေကို ရွှေဘိုဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ C&T SHWEBO၊ Snake Eyes PDF၊ Fighter One၊ Alpha 7၊ People Defense Force (Shwebo)၊ ဗိုလ်ကျားရိုင်း နှင့် ဒေသခံ ပ.က.ဖ အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စခ နှစ်ကောင် မုန့်ဟင်းခါး ဖြစ်” လို့ C&T SHWEBO က ဖော်ပြပါတယ်။ ရွှေဘိုဒေသက စကစနဲ့ ပူးပေါင်းနေတဲ့ ပျူတွေ၊ သတင်းပေးတွေကိုလည်း ဆက်ပြီး ရှင်းလင်းမယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီက စစ်ကိုင်းတိုင်း မြို့နယ် အများအပြားကို အင်တာနက် ဖြတ်တောက်ထားသလို လျှပ်စစ် ဓာတ်အားလိုင်းတွေပါ ဖြတ်တောက်ပြီး ရွာစဉ်ပတ်မွှေ သောင်းကျန်းနေပါတယ်။ စစ်အုပ်စုဟာ ရွှေဘိုခရိုင်အတွင်း အဓိက ပစ်မှတ်ထားပြီး ကျေးရွာတွေကို အကြမ်းဖက် စီးနင်းဝင်ရောက်ကာ လူသတ်၊ ဓားပြတိုက်လုယက်၊ အဓမ္မပြုကျင့်၊ နေအိမ်မီးရှို့တာတွေ ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။


Mandalay Free Press - MFP

ရွှေဘိုနယ်မှာ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒရုန်းသုံးပြီး ဗုံးထု၊ မုန့်ဟင်းခါး နှစ်ပွဲရတယ်လို့ဆို ရွှေဘိုနယ်မှာ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒရုန်းသုံးပြီး ဗုံးထု၊ မုန့်ဟင်းခါး နှစ်ပွဲရတယ်လို့ဆို Reviewed by THITHTOOLWIN on 18:55 Rating: 5

No comments:

Powered by Blogger.