ပြည်၊ မတ် ၁၁၊ ၂၀၂၂။
ပဲခူးတိုင်း၊ ပြည်မြို့မှာ မတ်လ ၁၀ ရက် မနေ့ကည ၁၁ နာရီဝန်းကျင်က တုတ်ကိုင်ထားတဲ့ စိတ်ဝေဒနာသည် အမျိုးသား တဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်ခဲ့လို့ စစ်ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
တုတ်ကိုင်ဆောင်လာတဲ့ စိတ်ဝေဒနာသည်ကို တုတ်ချမပေးလို့ဆိုပြီး ပြည်ဘူတာကြီးမှာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်သားတဦးက သေနတ်နဲ့ပစ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"ဗိုလ်ချုပ်လမ်း UAB Bank ရှေ့လမ်းလယ်ခေါင်က စတီးတိုင်တွေကြားမှာ ထိသွားတာ၊ စစ်ဆေးရုံကို ခေါ်သွားတယ်လို့ သိရတယ်။ အခုလည်း အလောင်းကအဲ့မှာပဲ ဖြစ်မယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
စိတ်ဝေဒနာသည်ကို ပစ်ခတ်လိုက်တဲ့ စစ်ကောင်စီတပ်သားက ကပစ (၇)က တပ်သားတဦးဖြစ်ပြီး နှလုံးအောက်ဖက်နားကိုထိပြီး ထုတ်ချင်းပေါက်သွားတယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
ပြည်မြို့မှာ စိတ်ဝေဒနာသည်တဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်လို့ သေဆုံး
Reviewed by THITHTOOLWIN
on
18:58
Rating:
No comments:
Post a Comment