ဓါတ်ပုံ ပိက္ခယားကိုမီးရှို့ခဲ့စဥ် |
မတ်လ ၁၆
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တောင်တွင်းဒေသ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးအောင်ထွန်းလွင်နေထိုင်တဲ့ ပိက္ခယားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဝင်ရောက်ကာ အသက် (၇၀) ကျော် အပစ်မဲ့ပြည်သူတစ်ဦးကိုပစ်သတ်သွားတယ်လို့ သိရပါတယ်။
မတ်လ ၁၅ ရက်နေ့က အင်အား ၄၀ ကျော်နဲ့ မြို့မရွာကနေ ကင်းပုန်ဝပ်ထွက်ခဲ့ကာ မတ်လ ၁၆ ရက်ဒီကနေ့မနက်( ၄)နာရီခန့်မှာ ဝင်ရောက်ဆီနင်းခဲ့ပြီး အပစ်မဲ့ပြည်သူအသက် (၇၀) ကျော်အဘိုးတစ်ယောက်ကို ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
ကျေးရွာအတွင်းက ဆိုင်ကယ် ၅ စီးကိုလည်းယူဆောင်သွားခဲ့တယ်လို့ပြီး ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကလည်း သာစည်ကျေးရွာသား တစ်ယောက်ကို စကစနှင့်ပျူစောထီးများကပစ်သတ်ခဲ့တယ်လို့ အဲ့ဒီဒေသခံတစ်ဦးထံက သိရပါတယ်။
"မနေ့ကမြို့မရွာကနေ ကင်းပုန်းဝပ်ထွက်ခဲ့တာ၊ ဒီနေ့မနက် ၄ နာရီလောက်မှာ ပိက္ခယားရွာတည်းကိုဝင်ပြီး၊ အသက် ၇၀ ကျော်အဘိုးအို ၁ ယောက်ကိုပစ်သတ်သွားတယ်၊ ဆိုင်ကယ် ၅ စီးလည်းယူသွားတယ် ၊လွန်ခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကလည်း ၊သာစည်ရွာသားတစ်ယောက်ကို ၊စစ်ခွေးနဲ့ပျူတွေကအကြောင်းမဲ့သတ်သွားသေးတယ်ဗျ"၊လို့ ဒေသခံကမျက်မှောက်ခေတ်ကိုပြောပါတယ်။
မျက်မှောက်ခေတ်
No comments:
Post a Comment