အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်ချင်း မှားပစ်၍ ဒဏ်ရာရသူအချို့ရှိ

(လက်ပံ​တောင်း​တောင်​ကြေးနီစီမံကိန်းနှင့် အနီးဝန်းကျင်ကို ​ဂြိုဟ်တုပုံရိပ်မှ​တစ်ဆင့်တွေ့ရစဥ်။ ဓါတ်ပုံ-EJA)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်စီမံကိန်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း မှားယွင်းပစ်ခတ်မိရာ တစ်ဦးပြင်းထန်​ဒဏ်ရာများ ရရှိသွားကြောင်း ဒေသတွင်းအခြေစိုက် လူမှုကွန်ရက် စာမျက်နှာများက ရေးသားသည်။

ယမန်နေ့( မတ်လ ၁၅ ရက်နေ့) ညနေ ၆ နာရီဝန်းကျင်တွင်ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစခန်းမှ အကြမ်းဖက်စစ်​ကောင်စီလက်​အောက်ခံ စစ်သားနှင့် ရဲသားများသည် ညောင်ပင်ကြီး-ယင်းမာပင်လမ်းပိုင်းနှင့် ၅/၁ လမ်းဆုံ၊ ၁၆ ကုတင်ဆန့် တိုက်နယ်ဆေးရုံတို့တွင် အရပ်ဝတ်များဖြင့် ကင်းပုန်းဝပ်ပြီး​နောက် ညောင်ပင်ကြီးရဲစခန်းသို့အပြန်  မြန်မာဝမ်ပေါင်အတွင်းရှိ ကင်း​စောင့်​နေ​သောရဲများက ကင်းပုန်းဝပ်ပြန်လာ​သောအရပ်ဝတ်ဖြင့် ရဲနှင့်စစ်သားများကို PDF အထင်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းယင်းမာပင် မြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ကင်းပုန်းဝပ်သာ်ဆို​သော်လည်း လမ်းသွားလမ်းလာများကို ပိုက်ဆံ​တောင်းကြခြင်းဖြစ်ပြီး အရက်​သောက်စားပြီးအပြန်တွင် မှားယွင်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုအလောင်းတော်ကဿပ နယ်မြေသတင်းကထုတ်ပြန်သည်။

ထိ့ခိုက်​သေဆုံးမှုမည်မျှရှိသည်ကို မသိရှိရသေးဘဲ ဒဏ်ရာရရှိထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား ညောင်ပင်ကြီးကူးတို့ဆိပ်မှတဆင့် မုံရွာဘက်ခြမ်းသို့ သယ်ဆောင်သွားသည်ဟုယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြား​ရေးက ရေးသားထားသည်။

အဆိုပါပစ်ခတ်မှုတွင် ညောင်ပင်ကြီးရဲစခန်းဘက်မှ ရဲနှစ်ဦး ထိမှန်သွားပြီး တစ်ဦးမှာပခုံးထိမှန်ကာ ကျန်တစ်ဦးမှာ အသက်အန္တရာယ်ထိခိုက်နိုင်သည့်အခြေအနေတွင်ရှိကြောင်း အလောင်းတော်ကဿပ နယ်မြေသတင်းကလည်း ​ဖော်ပြထားသည်။

“တစ်ယောက်က စိုးရိမ်ရတယ် နောက်တစ်ယောက်က ပခုံးထိတယ်”ဟု ဒေသခံ တစ်ဦး၏ ​ပြောကြားမှုကိုအလောင်းတော်ကဿပ နယ်မြေသတင်းက ​ဖော်ပြထာသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင်လည်း မတ်လ ၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်က ဖောင်တော်ဦးရပ်၊ ဖောင်တော်ဦးဘုရားတွင်ကင်းပုန်းဝပ်နေသော စစ်တပ်က ဖြတ်သန်းလာသည့် ရဲတပ်သားတစ်ဦးနှင့် စစ်တပ်ထောက်ခံသူတစ်ဦးတို့ကို ပစ်သတ်ခဲ့သည်။

အလားတူ မတ်လ ၉ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းတွင် ရဲများ သန့်ရှင်းရေးလုပ်နေစဉ် ၎င်းတို့ကိုယ်တိုင် စခန်းနံရံအနီး ကပ်ထောင်ထားသော နင်းမိုင်းကို နင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားကာ ရဲတစ်ဦး၏ မေးစေ့၊ လက်၊ ခြေထောက်တို့တွင် ကွဲပြဲဒဏ်ရာများ ရရှိသွားပြီး ဆေးကုသနေရကယ သေဆုံးမှုလည်းရှိနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။


People's Spring 

အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်ချင်း မှားပစ်၍ ဒဏ်ရာရသူအချို့ရှိ အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်ချင်း မှားပစ်၍ ဒဏ်ရာရသူအချို့ရှိ Reviewed by THITHTOOLWIN on 20:17 Rating: 5

No comments:

Powered by Blogger.