ကနီနယ်တွင် စစ်အုပ်စုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်


မတ် - ၄

စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ စစ်အုပ်စု အထိုင်ချနေသော နေရာတစ်ခုကို ယနေ့ နေ့လယ်ပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစများ အသေအပျောက်များနိုင်ကြောင်း Monywa Nightking အဖွဲ့က ပြောသည်။

“ဒေသခံ ပကဖနှင့် ပူးပေါင်း၍ ခွေးများ တပ်ဆွဲရာ နေရာသို့ လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ပြိး အသေပျောက် ဒဏ်ရာများစွာ ရရှိနိုင်ပါသည်။ မိမိတို့ ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ပါသည်” ဟု Monywa Nightking အဖွဲ့က ဖော်ပြသည်။

အင်အား(၈၀)ခန့်ရှိသော စစ်အုပ်စုကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စကစများ အသေအပျောက် အရေအတွက်ကို မသိရသေးသော်လည်း ထိခိုက်သေဆုံးမှုများ ရှိမည်မှာ သေချာကြောင်းနှင့်  စစ်အုပ်စုက တလစပ် ပြန်လည်ပစ်ခတ်သော်လည်း ပြည်သူ့ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Monywa Nightking အဖွဲ့က ဆိုသည်။

ကနီနယ်အတွင်း စစ်အုပ်စုက ရဟတ်ယာဉ်များ အသုံးပြုကာ တိုက်ခိုက်နေသလို ရွာစဉ်ပတ်မွှေ သောင်းကျန်းလျှက်ရှိရာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စကစကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားလျှက် ရှိသည်။


Mandalay Free Press - MFP

ကနီနယ်တွင် စစ်အုပ်စုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ကနီနယ်တွင် စစ်အုပ်စုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် Reviewed by THITHTOOLWIN on 23:45 Rating: 5

No comments:

Powered by Blogger.