သန်လျင် ပကဖ မှ သန်လျင်နှင့် ခရမ်းကြားရှိ ဖားကူးရဲစခန်းအား ယနေ့ ဝင်ရောက်ပစ်ခတ်


(မတ် ၁၆)

သန်လျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) မှ သန်လျင်မြို့နှင့် ခရမ်းမြို့ကြားရှိ ဖားကူးကျေးရွာ ဖားကူးရဲစခန်းအား ယနေ့မနက် ၂ နာရီအချိန်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

သန်လျင် ပကဖ မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ဖားကူးရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့မှုကြောင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ သန်လျင် ပကဖ မှ ဖားကူးရဲစခန်းအား လျင်မြန်စွာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပကဖ တာဝန်ရှိသူတစ်ဦးက​ ပြောကြားခဲ့​ပါသည်။

`သန်လျင်နဲ့ ခရမ်းကြားမှာရှိတဲ့ ဖားကူးရဲစခန်းကို ဒီနေ့မနက် ၂ နာရီလောက်က ဝင်ပစ်တယ်၊ ရဲစခန်းထဲမှာရှိတဲ့ စခ ရခ တွေကလည်း ပြန်ပစ်တယ်၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ သန်လျင် ပကဖ ဘက်က ရဲဘော်တွေ ထိခိုက်မှုလုံးဝမရှိဘဲ အလျင်အမြန် ပြန်ဆုတ်လာနိုင်ခဲ့ပါတယ်၊ ရန်သူဘက် ထိခိုက်မှုကိုတော့ မသိရသေးပါဘူး´ ဟု ၎င်း ကပြောသည်။

ထိုဖြစ်စဥ်ကြောင့် စစ်ကောင်စီဘက် ထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်း၊ ဆက်လက်စုံစမ်းနေလျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရပါသည်။


Khayan Channel

သန်လျင် ပကဖ မှ သန်လျင်နှင့် ခရမ်းကြားရှိ ဖားကူးရဲစခန်းအား ယနေ့ ဝင်ရောက်ပစ်ခတ် သန်လျင် ပကဖ မှ သန်လျင်နှင့် ခရမ်းကြားရှိ ဖားကူးရဲစခန်းအား ယနေ့ ဝင်ရောက်ပစ်ခတ် Reviewed by THITHTOOLWIN on 19:28 Rating: 5

No comments:

Powered by Blogger.