ကြာအင်းဆိပ်ကြီးမြို့ စစ်ကောင်စီ၏ ခလရ ၃၂ တပ်ရင်းရှေ့ တိုက်ပွဲပြင်းထန်နေ

Photo_ပုံဟောင်း (ကေအိုင်စီ)

မတ်လ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်၊

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-ခလရ ၃၂ တပ်ရင်းစခန်းရှေ့အနီးတွင် ယနေ့ မတ်လ ၁၄ ရက် နံနက်အချိန်က နှစ်ဖက်ပစ်ခတ်မှု ပြင်းထန်နေကြောင်း မြို့ခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမနှင့် ကော့ကရိတ်မြို့သို့ သွားသည့် လမ်းကြောင်းများ သွားလာရေးပြတ်တောက်လျက်ရှိပြီး မြို့ခံလူထုများလည်း ပစ်ခတ်မှုကြောင့် စိုးရိမ်ကြောက်လန့်နေကြရသည်ဟု သိရသည်။ 

“ မြို့ပေါ်မှာတိုက်ပွဲဖြစ်တော့ ကျောင်းသွားတဲ့ကလေးတွေ သွားကြိုကြတာနဲ့ အချို့လည်း ဘယ်မှသွားလာမရလို့ ပိတ်မိနေကြသေးတယ်။ ဘယ်မှသွားလာလို့ မရဲဘူး။ လက်နက်ကြီးရော လက်နက်အငယ်ရော တရပ်စပ်ပစ်ခတ်နေကြတုန်းပဲ။ စစ်တပ်ရှေ့မှာ တိုက်ပွဲဖြစ်နေတာပါ” ဟု ကေအိုင်စီ သို့ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ ၃၂ တပ်ရင်းနှင့် လက်နက်အကိုင်အဖွဲ့တစ်ဖွဲ့(စုံစမ်းဆဲ)တို့ နံနက် ၉ နာရီအချိန်တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် မြို့ပေါ်လမ်းမတစ်လျှောက်တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှ ကင်းလှည့်စစ်ဆေးမှုများ လုပ်ဆောင်နေကြသည်ဟု မြို့ခံများက ပြောသည်။ 

ကြာအင်းဆိပ်ကြီးမြို့ မင်္ဂလာကုန်းအနောက်ဘက်နှင့် စစ်ကောင်စီတပ်အနီးတစ်၀ိုက်တွင် နံနက် ၉ နာရီမှ စတင်ဖြစ်ပွားသည့် တိုက်ပွဲမှာ ယခု နေ့လည်အချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများရှိသည်ဟု  မြို့ခံများထံမှ သိရသည်။


Karen Information Center -KIC 

ကြာအင်းဆိပ်ကြီးမြို့ စစ်ကောင်စီ၏ ခလရ ၃၂ တပ်ရင်းရှေ့ တိုက်ပွဲပြင်းထန်နေ ကြာအင်းဆိပ်ကြီးမြို့ စစ်ကောင်စီ၏ ခလရ ၃၂ တပ်ရင်းရှေ့ တိုက်ပွဲပြင်းထန်နေ Reviewed by THITHTOOLWIN on 17:30 Rating: 5

No comments:

Powered by Blogger.