ဗဟင်းမြို့မရဲစခန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၉ ဦးသေဆုံး၊ လေကြောင်းပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရ
မတ်လ ၂၉ ရက်
ယမန်နေ့က ဖြစ်ပွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဗဟင်းမြို့မရဲစခန်း စခန်းသိမ်းတိုက်ပွဲတွင် ၈၀ ရာခိုင်နှုန်း သိမ်းယူနိုင်ရန် စီစဥ်ထားသော်လည်း စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် အဆက်မပြတ်လာရောက်ပစ်ခတ်နေမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် - PRA က သတင်းထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲတွင် ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ(၁/၂/၃/၄/၉/၁၀)၊ကျားသစ်နက်၊ MVRF ၊ပုလဲ (ပကဖ)၊PPDG၊ Tiger ၊7 stars အဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၉ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၄ နာရီကြာ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များ အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သော်လည်း ရဲဘော်(၂)ဦး ဒဏ်ရာအနည်းငယ်ရခဲ့သည်ဟု ပြည်သူ့တော်လှန်ရေးတပ်မတော် - PRA က သတင်းထုတ်ပြန်ထားသည်။
Ayeyarwaddy Times
ဗဟင်းမြို့မရဲစခန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၉ ဦးသေဆုံး၊ လေကြောင်းပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရ
Reviewed by THITHTOOLWIN
on
19:15
Rating:

No comments:
Post a Comment