တနင်္သာရီတိုင်းမ်၊ မတ် ၃
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ မိကျောင်းအိုင်ရွာမှာဒလန်လို့နာမည်ကြီးတဲ့ ဦးလှသန်းဆိုသူဟာ မနေ့ကညနေ (၅)နာရီလောက်မှာ သူ့ရဲ့ရာဘာခြံထဲမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ဦးလှသန်းဟာ ဦးသိန်းစိန်အစိုးရလက်ထက်က ရွာလူကြီးဖြစ်ခဲ့ပြီး၊ အာဏာသိမ်းပြီးနောက်ပိုင်း အရေးပေါ်အခြေအနေအတွက် ပြည်သူတွေစုထားတဲ့ COVID ရန်ပုံငွေ ၊ပြည်သူ့ငွေတွေနဲ့စုဝယ်ထားတဲ့ ဗိုလ်အောင်ဒင်နာမည်နဲ့အမှိုက်ကား စတဲ့ ပြည်သူပိုင်ရန်ပုံငွေတွေကို စစ်ကောင်စီတွေနဲ့ပေါင်းပြီး သိမ်းဆည်းတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ပယရွာကိုသွားတဲ့လမ်းပေါ်မှာရှိတဲ့ ဖက်တောင်က သူ့ရဲ့ရာဘာခြံကို မနက်ကတည်းကထွက်သွားခဲ့ပြီး ညနေစောင်းတဲ့အထိပြန်မလာတဲ့အတွက် မိသားစုက သွားကြည့်တဲ့အချိန်မှာ သေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတာ တွေ့ခဲ့တယ်လို့ နီးစပ်ရာဒေသခံတွေထံက သိရပါတယ်။
ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲဆိုတာတော့ တနင်္သာရီတိုင်းမ်အနေနဲ့ မသိရှိရသေးပါဘူး။
The Tanintharyi Times
No comments:
Post a Comment