စစ်ကောင်စီလက်အောက်ခံ BGF တပ်သား (၂)ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ အချင်းချင်း ပစ်ခတ်၍ သေကြောင်း ဒေသခံများဆို


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကိုးတိုင် - ကြာအင်းဆိပ်ကြီးလမ်းမကြီး၊ ဝိဇ္ဇာကုန်းကျေးရွာ အဝင်လမ်းထိပ်ဇရပ်တွင် ခရီးသွားယာဉ်များအား မတရားဂိတ်‌ကြေးကောက်ခံနေသည့် စစ်ကောင်စီလက်အောက်ခံ BGF တပ်သားများ ယနေ့မတ်လ (၁၄)ရက်၊ မနက်ပိုင်းက ပစ်ခတ်ခံရပြီး (၂)ဦးသေကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းနေရာသည် အကြမ်းဖက်စစ်ကောင်စီတပ်က နေရာယူထားသည့် နယ်မြေဖြစ်ပြီး BGF များက ဂိတ်ကြေးကောက်ခြင်း၊ လောင်းကစားဝိုင်းများ ဖွင့်လှစ်ခြင်းနှင့် မူးယစ်ဆေးဝါးများ ရောင်းချနေသည့် နေရာဖြစ်ကြောင်း သိရသည်။

 ၎င်းပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်းကို အတည်မပြုနိုင်သေးသော်လည်း ဒေသခံများ၏ ပြောကြားချက်အရ အချင်းချင်း ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။


Tachileik News Agency

စစ်ကောင်စီလက်အောက်ခံ BGF တပ်သား (၂)ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ အချင်းချင်း ပစ်ခတ်၍ သေကြောင်း ဒေသခံများဆို စစ်ကောင်စီလက်အောက်ခံ BGF တပ်သား (၂)ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ အချင်းချင်း ပစ်ခတ်၍ သေကြောင်း ဒေသခံများဆို Reviewed by THITHTOOLWIN on 17:52 Rating: 5

No comments:

Powered by Blogger.