ကမ္ဘောဇဘဏ် ATM စက်ကိုဖောက်ခွဲသည့် PDF အဖွဲ့ဝင်ကို ဘဏ်အနီးရှိပြည်သူအချို့ကပါဖမ်းဆီးရန်ကြိုးပမ်းခဲ့မှုအပေါ်ဝမ်းနည်းကြောင်း TGF ဆို
တောင်ကြီး၊ မတ် ၁၆
တောင်ကြီးမြို့ ကမ္ဘောဇဘဏ်(၂)ရှိ ATM စက်ကို မတ်လ ၁၅ ရက်၊ ည ၇ နာရီဝန်းကျင်က TGF အဖွဲ့ကဖောက်ခွဲခဲ့ရာ ဖောက်ခွဲသည့် အဖွဲ့ဝင်များကို အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များအပြင် ဘဏ်အနီးရှိပြည်သူအချို့ကပါ ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးပမ်းခဲ့သဖြင့် အလွန်ဝမ်းနည်းကြောင်း စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် Taunggyi Guerilla Force(TGF)အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော် လည်း ATM စက်မီးလောင်သွားခဲ့သည်။ ဖောက်ခွဲသည့်PDF များကိုအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ လိုက်လံဖမ်းဆီးရန် ကြိုးပမ်းခဲ့သူအချို့ကိုလည်း စစ်ခွေးဘောမဟု စတင်သတ်မှတ်တော့မည်ဖြစ်ကြောင်း TGFအဖွဲ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ကြောင့် လာမည့်ကာလများတွင်ပြုလုပ်မည့် စစ်ဆင်ရေးများတွင်လည်း စစ်ဆင်ရေးအောင်မြင်ရေးကိုသာအဓိကထားဆောင်ရွက်တော့မည်ဖြစ်ပြီး စစ်ဆင်ရေးပြုလုပ်သည့် အနီးအနားတွင် ထိခိုက်မှုတစ်စုံတစ်ရာရှိပါကလည်း TGF အဖွဲ့နှင့်မသက်ဆိုင်ကြောင်း ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ကျွန်အဖြစ်နေသားကျနေသည့် တောင်ကြီးမြို့ရှိရေပေါ်ဆီများထိခိုက်မှုတစ်စုံတစ်ရာရှိပါက TGF အဖွဲ့အနေဖြင့် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း TGF အဖွဲ့ကကြိုတင်သတိ ပေးလိုက်သည်။
ကမ္ဘောဇဘဏ်သည် အကြမ်းဖက်စစ်ကောင်စီအလိုကျ သုံးစွဲသူများ၏အချက်အလက်များကို ထုတ်ပေးနေခြင်း၊ မိုဘိုင်းဘဏ် အကောင့်များ၊ Kpay အကောင့်များပိတ်ပစ်ခြင်းအပြင် အဆိုပါအကောင့်များမှလိပ် စာအတိုင်း ရှာဖွေဖမ်းဆီးနိုင်ရန် အကြမ်းဖက်စစ်ကောင်စီအပေါ်ကူညီဆောင်ရွက်ပေးနေသည့် ဘဏ်တစ်ခုဖြစ်သည်။
Lu Nge Khit
No comments:
Post a Comment