ခင်ဦးမြို့မရဲစခန်းမှ ရဲတပ်ကြပ်နှင့် ဇနီးဖြစ်သူကို PDF များနှင့် ချိတ်ဆက်ဟု စွပ်စွဲကာ စစ်အုပ်စုက ဖမ်းဆီး

MFP ၊ ဖေဖေါ်ဝါရီ - ၂၅

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ကြပ် သူရထွန်းနှင့် ဇနီးဖြစ်သူတို့အား PDF များနှင့် အဆက်အသွယ်ရှိသည် ဆိုသော စွပ်စွဲချက်ဖြင့် စစ်အုပ်စုက ဖေဖေါ်ဝါရီ(၂၄)ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

စစ်အုပ်စုသည် ခင်ဦးမြို့နယ်အတွင်း ဒေသခံများအား ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးခဲ့ပြီးနောက် စကစ လက်အောက်ခံ ဝန်ထမ်းအချင်းချင်းကိုပါ စွပ်စွဲ ဖမ်းဆီးခြင်း ဖြစ်သည်။

PDF များနှင့် ဆက်သွယ်ဆောင်ရွက်နေသူ ခင်ဦးမြို့မရဲစခန်းမှ ရဲတပ်ကြပ် သူရထွန်းနှင့် ဇနီးဖြစ်သူ မပပခိုင် တို့ နှစ်ဦးကို ဖမ်းဆီးထားပြီး စစ်ဆေးနေသည်ဟု စစ်ကောင်စီ ရဲအသိုင်းအဝိုင်းနှင့် နီစပ်သူများက ပြောသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း မန္တလေးမြို့ အမရပူရမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးအား PDF များနှင့် ဆက်သွယ်သည်ဟုဆိုကာ စစ်အုပ်စုက ဖမ်းဆီးခဲ့သေးသည်။

Mandalay Free Press - MFP

ခင်ဦးမြို့မရဲစခန်းမှ ရဲတပ်ကြပ်နှင့် ဇနီးဖြစ်သူကို PDF များနှင့် ချိတ်ဆက်ဟု စွပ်စွဲကာ စစ်အုပ်စုက ဖမ်းဆီး ခင်ဦးမြို့မရဲစခန်းမှ ရဲတပ်ကြပ်နှင့် ဇနီးဖြစ်သူကို PDF များနှင့် ချိတ်ဆက်ဟု စွပ်စွဲကာ စစ်အုပ်စုက ဖမ်းဆီး Reviewed by THITHTOOLWIN on 02:51 Rating: 5

No comments:

Powered by Blogger.