ဘန့်​ဘွေးရာတိုက်ပွဲ စစ်​ကောင်စီတပ်မှအနည်းဆုံး ၈ဦး​သေ၊ PDFတပ်ဖွဲ့မှ အထူးကွန်မန်ဒိုတစ်ဦးကျဆုံးခဲ့

ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရှစ်ဦးသေဆုံးကာ ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု မုံရွာခရိုင်တပ်ရင်း - ၂ (Chindwin Attack Force) က ယနေ့(ဖေဖော်ဝါရီ ၂၆ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဖေဖေါ်ဝါရီ ၂၅ ရက် ညနေ ၅နာရီခန့်က ဘန့်ဘွေးရွာ တောင်ဘက်၌ နေရာယူထားသော အင်အား ၅၀ ကျော်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကိုမုံရွာခရိုင်တပ်ရင်း - ၂ (Chindwin Attack Force)၊ မုံရွာခရိုင် တပ်ရင်း - ၃၊ မုံရွာခရိုင် တပ်ရင်း - ၄ နှင့် ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း ၍ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်​ကောင်စီတပ်ဘက်မှ ၄၀ မမ ဗုံးသီး ၂၀ ကျော်နှင့် စက်လက်နက်ငယ်များဖြင့် တရစပ်ပြန်လည်ပစ်ခတ်ခဲ့ရာ တိုက်ပွဲမှာ ပြင်းထန်ခဲ့သည်။

လက်နက်အင်အားမမျှသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ခုခံစစ်ဖြင့် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သို့သော်ပြန်လည်ဆုတ်ခွာရာလမ်းကြောင်းတွင်ပြည်သူ့ကာကွယ်ရေး ရဲဘော်များအား ကာကွယ်ပစ်ကူပေးခဲ့​သော Chindwin Attack Force မှ အထူးကွန်မန်ဒို တပ်ဖွဲ့ဝင် ဒေါနမောင်မောင် (Monywa The Boys) သည် ကျည်ထိ့မှန်ကျဆုံးခဲ့ရသည်။

ယမန်နေ့က တိုက်ပွဲတွင် ပဒေသာသုံးလုံးတွဲမိုင်း ထိမှန်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး လေပေါ်သို့ပျံဝဲသွားကြောင်းယင်းမာပင် အခြေ စိုက် TTPDF တပ်ဖွဲ၀င်တစ်ဦးက​ပြောသည်။

အလားတူ တာဝေးပစ်လက်နက်ကြီးပစ်ပစ်ခက်မှုမှာလည်း ၆ လုံးပစ်ခက်ရာ ၂ လုံးထိမှန်သည်ဟုလည်း TTPDF ကထုတ်ပြန်သည်။

မြေပြင်အခြေအနေရ သေဆုံးမှု အချက်အလက်ကိုအတိကျမသိရသေးသော်လည်း စစ်ကောင်စီတပ်သား ၂၀ ဦးခန့် အထိ့သေဆုံး နိုင်သည်ဟုလည်းပါရှိသည်။ ယခုအခါဘန့်ဘွေးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထား​ကြောင်း TTPDF ကထုတ်ပြန်ထားသည်။

People's Spring 



ဘန့်​ဘွေးရာတိုက်ပွဲ စစ်​ကောင်စီတပ်မှအနည်းဆုံး ၈ဦး​သေ၊ PDFတပ်ဖွဲ့မှ အထူးကွန်မန်ဒိုတစ်ဦးကျဆုံးခဲ့ ဘန့်​ဘွေးရာတိုက်ပွဲ စစ်​ကောင်စီတပ်မှအနည်းဆုံး ၈ဦး​သေ၊ PDFတပ်ဖွဲ့မှ အထူးကွန်မန်ဒိုတစ်ဦးကျဆုံးခဲ့ Reviewed by THITHTOOLWIN on 22:37 Rating: 5

No comments:

Powered by Blogger.