မြင်းမူနယ်အတွင်း စစ်အုပ်စုက PDF ယူနီဖောင်းဝတ်ကာ သောင်းကျန်းနေ


ဖေဖေါ်ဝါရီ - ၂၃

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ စစ်အုပ်စုက PDF ယူနီဖောင်းတွေ ဝတ်ဆင်ပြီး သောင်းကျန်းနေလို့ လမ်းသွားလမ်းလာတွေ ဂရုပြုကြဖို့ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- MMU PDF က ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ မန္တလေး - မုံရွာလမ်းပိုင်း အပါအဝင် မြင်းမူနယ်အတွင်းမှာ MMU PDF နဲ့ Black Eagle PDF တံဆိပ်ပါတဲ့ ယူနီဖောင်းတွေ ဝတ်ဆင်ပြီး သောင်းကျန်းနေတာလို့ ဆိုပါတယ်။

“မိဘပြည်သူများခင်ဗျာ ယခုအခါတွင် အကြမ်းဖက် စစ်ကောင်စီတပ်များသည် မိမိတို့ မြင်းမူမြို့နယ်အတွင်း  စစ်ဆင်ရေးများ ပြုလုပ်နေပြီ ဖြစ်ပါသည်။ အကြမ်းဖက် စခများသည် မိမိတို့ MMUPDF နှင့် Black Eagle တံဆိပ်ပါ အကျင်္ီများ ဝတ်၍ PDF အယောင်ဆောင်ကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေပါသဖြင့် ပြည်သူများ အနေဖြင့် MMUPDF နှင့် Black Eagle တံဆိပ်ပါ အကျင်္ီနှင့်သူများကို လုံးဝ မယုံကြည်ကြပါရန်နှင့် တွေ့ရှိပါက ကျွန်တော်တ်ိူ့ အဖွဲ့အား ဆက်သွယ်အကြောင်းကြား ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” လို့ MMU PDF က ဖော်ပြပါတယ်။

လက်ရှိမှာ စစ်အုပ်စုက လက်နက်အားကိုးနဲ့ မြင်းမူနယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းပြီး လူသတ်တာ၊ ဓာပြတိုက်လုယက်တာ၊ နေအိမ်မီးရှို့တာ၊ ဒေသခံ အရပ်သားပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ ထင်တိုင်းကျဲ လုပ်ဆောင်နေပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက မြင်းမူမြို့နယ်မှာ Black Eagle PDF တပ်ဖွဲ့နဲ့ စစ်အုပ်စု တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စံတင်းကင်းကျေးရွာအနီးက PDF စခန်း စီးနင်းခံရပြီး ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးသလို (၁၀) ဖမ်းဆီးခံလိုက်ရပါတယ်။

အဲ့ဒီလို စခန်းစီးနင်း ဖမ်းဆီးခံရသူတွေ ရှိခဲ့ပြီးနောက် စစ်အုပ်က မြင်းမူနယ်ထဲ ပိုပြီး သောင်းကျန်းနေတာ ဖြစ်ပါတယ်။

PDF တွေရဲ့ ပြောက်ကျားတိုက်ခိုက်တာ ခံနေရတဲ့ စစ်အုပ်စုဟာ မသမာတဲ့နည်းတွေသုံးပြီး PDF တွေကို နာမည်ဖျက်ဖို့ ကြိုးစားနေတယ်လို့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။ မြောင်မြို့နယ်မှာလည်း စစ်အုပ်စုဟာ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေး တပ်ဖွဲ့ - CDSOM ရဲ့ ယူနီဖောင်းတွေ ဝတ်ဆင်ပြီး လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ် ဆဲဆိုရမ်းကားတာတွေ လုပ်ဆောင်နေတယ်လို့ CDSOM က ထုတ်ပြန်ထားပါတယ်။


Mandalay Free Press - MFP

မြင်းမူနယ်အတွင်း စစ်အုပ်စုက PDF ယူနီဖောင်းဝတ်ကာ သောင်းကျန်းနေ မြင်းမူနယ်အတွင်း စစ်အုပ်စုက PDF ယူနီဖောင်းဝတ်ကာ သောင်းကျန်းနေ Reviewed by THITHTOOLWIN on 22:24 Rating: 5

No comments:

Powered by Blogger.