ပြည်သူများကိုပါ ဗုံးကျဲနေသောစစ်ကောင်စီတပ်လေယာဥ်မှူး၁၈ ဦး၏ အချက်အလက်များကို Operation Spitfireက ထုတ်ပြန်
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် အပြစ်မဲ့အရပ်သားပြည်သူများကို ဗုံးကျဲတိုက်ခိုက်သည့် Yak-130 တိုက်လေယာဉ်မောင်းသည့် စစ်ရာဇဝတ်ကောင် လေယာဉ်မှူး ၁၈ ဦး၏အမည်နှင့်မိသားစုနေရပ်လိပ်စာများကို Operation Spitfireက ယနေ့ ထုတ်ပြန်လိုက်သည်။
ထိုထုတ်ပြန်သည့်အထဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်ကောင်များတွင် ဒုဗိုလ်မှူးကြီး ၂နှစ်ဦး၊ ဗိုလ်မှူး ၅ ဦးနှင့် ဗိုလ်ကြီးအဆင့် ၁၁ ဦးပါဝင်သည်ဟု Operation Spitfire၏ စာရင်းများတွင်ဖော်ပြထားသည်။ Operation Spitfire သည် ပြည်သူများကိုပါ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေသော အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်မှ လေယာဥ်မောင်းအပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်နေသူများ၏ အမည်နှင့်အချက်အလက်များကို စုံစမ်းထောက်လှမ်း၍ထုတ်ပြန်ပေးနေသော အဖွဲ့ဖြစ်သည်။
ထိုထဲတွင် ရာထူးအကြီးဆုံးနှစ်ယောက်ဖြစ်သည့် စစ်ရာဇဝတ်ကောင် ဒုဗိုလ်မှူးကြီး ဇော်မြင့်ထွန်းသည် မန္တလေးတိုင်း၊ချမ်းအေးသာဇံမြို့နယ်တွင်နေထိုင်ပြီး ဒုဗိုလ်မှူးကြီး ရဲဦးသည် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာတွင် နေထိုင်သူဖြစ်သည်ဟု ဖော်ပြထားသည်။
ဗိုလ်မှူးရဲဇော်နိုင်သည် မကွေးမြို့၊ ပွဲကြိုရပ်၊ နတ်မောက်လမ်း၊ ဗိုလ်မှူးခင်ဇော်သည် ပြင်ဦးလွင်မြို့၊ မိုးကြိုးတိုးချဲ့လေ့ကျင့်ရေးရပ်ကွက်၊ ဗိုလ်မှူးရန်နိုင်စန်းသည်ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ ၁၁ ရပ်ကွက်၊ စိုက်ပျိုးရေးပဒေသာလမ်း၊ ဗိုလ်မှူးနေဝင်းကျော်သည် ပြင်ဦးလွင်မြို့၊ ဝင်းပပ (ကဖေး)နှင့် ဗိုလ်မှူးခင်မောင်ထွန်းသည် တာမွေမြို့နယ်၊ မလွှကုန်း၊ဌေးကြွယ်ရပ်ကွက်၊ သူဌေးလမ်းတွင်နေထိုင်ကြသူများဖြစ်သည်ဟု Operation Spitfire ၏ စာရင်းများတွင်ပါရှိသည်။ ကျန်စစ်ရာဇဝတ်ကောင် ဗိုလ်ကြီးအဆင့် ၁၁ဦး၏ နေရပ်လိပ်စာများကိုလည်း အသေးစိပ်ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁၀ ရက်က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် တည်ရှိသည့် လေ (၂၉၂၅)ဗိုလ်မှူး ဇော်မင်းထင်ကျော်၏ မိသားစုနေအိမ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ ၎င်းသည် ဖေဖော်ဝါရီ ၄ ရက်က Operation Spitfireက ထုတ်ပြန်သည့် ပြည်သူကို ဗုံးကျဲတိုက်ခိုက် သတ်ဖြတ်နေသော စစ်ရဟတ်ယာဉ်၊ တိုက် လေယာဉ်မောင်းနှင့် လေတပ်အရာရှိ ၅၄ ဦးစာရင်းတွင်ပါဝင်သူဖြစ်သည်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ် (ဂ)ရပ်ကွက်၊ ဥက္ကာ (၅) လမ်းမှာရှိတဲ့ လေတပ် ဗိုလ်မှုးကြီး အောင်မျိုးကျော် မိသားစုနေအိမ်ကို ဖေဖော်ဝါရီ ၃ ရက်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ ၎င်းသည် ခေတ္တဒုတိယလေတပ်စခန်းဌာနချုပ်မှူးရာထူးဖြင့် ၂၀၂၁ ဇန်နဝါရီ ၁၄ရက်က ထုတ်ပြန်သော ပြည်သူကို သတ်ဖြတ်နေသည့် စစ်ရာဇဝတ်ကောင် ၁၂၄ဦး အမည်စာရင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်ကမြေပြင်တိုက်ပွဲများတွင်အထိ့နာပါက တိုက်လေယာဥ်များ၊ရဟတ်ယာဥ်များဖြင့် ပြည်သူများကိုပါမရှောင် ဗုံးကျဲခြင်း၊ပစ်ခတ်တိုက်ခိုက်ခြင်းများကို နိုင်ငံတစ်ဝန်းပြုလုပ်နေသည်။
ယနေ့ထုတ်ပြန်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ကရင်ပြည်နယ်များကို ဗုံးကျဲ တိုက်ခိုက်နေသော Yak-130 လေယာဉ်မောင်း စစ်ရာဇဝတ်ကောင် ၁၈ ဦး၏ အမည်စာရင်းမှာ
ဒုတိယဗိုလ်မှူးကြီးဇော်မြင့်ထွန်း
ဒုတိယဗိုလ်မှူးကြီးရဲဦး
ဗိုလ်မှူးရဲဇော်နိုင်
ဗိုလ်မှူးခင်ဇော်
ဗိုလ်မှူးရန်နိုင်စန်း
ဗိုလ်မှူးနေဝင်းကျော်
ဗိုလ်ကြီးသိန်းဇော်မြင့်
ဗိုလ်ကြီးဇေယျာမျိုး
ဗိုလ်ကြီးဝေယံစိုး
ဗိုလ်ကြီးကျော်မင်းထွန်း
ဗိုလ်ကြီးခန့်နောင်
ဗိုလ်ကြီးသန်းမျိုးမင်း
ဗိုလ်ကြီးရှိန်းထက်အောင်
ဗိုလ်ကြီးအောင်ဇော်မျိုး
ဗိုလ်ကြီးဘုန်းသက်နိုင်
ဗိုလ်ကြီးဇေရဲမြတ်
ဗိုလ်မှူးခင်မောင်ထွန်း
ဗိုလ်ကြီးအောင်ကိုကို တို့ဖြစ်သည်။
People's Spring
No comments:
Post a Comment