မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၅
ရုရှားက ယူကရိန်းနိုင်ငံကို ဝင်ရောက်ကျူးကျော်တိုက်ခိုက်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချက်ကြောင်း ကြေငြာချက်တစောင်ကို ဒီကနေ့ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအပေါ် ကြောက်မက်ဖွယ်ရာ ပြင်းထန်သော တိုက်ခိုက်မှုများသည် လေကြောင်း၊ ကုန်းမြေနှင့် ရေကြောင်းတို့မှ လုပ်ဆောင်နေပြီး ထောင်နှင့် ချီသော အရပ်သားများကို ယင်းတို့၏ နေအိမ်မှ စွန့်ခွာစေခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံ၏ လုပ်ဆောင်ချက်မှာ ကုလသမဂ္ဂပဋိညာဉ်ပါ ပြဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားဖွံ့ဖြိုးတိုးတက်ရေးကို ကြီးစွာအဟန့်အတားဖြစ်စေကြောင်းနှင့် ယူကရိန်းပြည်သူများနှင့်အတူ စည်းလုံးညီညွတ်စွာရပ်တည်ချက်ရှိကြောင်း သဘောထားကြေငြာချက်တရပ်ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်ကောင်စီကမူ ကျူးကျော်တိုက်ခိုက်သော ရုရှားဘက်ကို ထောက်ခံကြောင်း ပြောဆိုထားပါတယ်။
သတင်း - သံလွင်တိုင်းမ် / Than Lwin Times
No comments:
Post a Comment