Feb 26,2022
ဟူးကောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၂)လက်အောက် တပ်ရင်း ၁၄ အတွင်း ၂ နေရာတွင် စစ်ကောင်စီတပ်ဖွဲ့က ဂျက်လေယာဥ်ဖြင့် ယနေ့နံနက်အစောပိုင်း ၂ နာရီဝန်းကျင်တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
"လာပစ်တဲ့အချိန်က၂နာရီခွဲလောက်ဖြစ်မယ်ထင်တယ်။ ၂နေရာမှာ လာပစ်သွားတာ။ ပထမက KIA တပ်ရင်း ၁၄ စခန်းအတွင်းမှာ ၂ကြိမ်ပစ်သွားတယ်။ နောက် ရှဒူးဇွပ်ကျေးရွာအနီးမှာရှိတဲ့ ဝခါး(Wahka)တပ်စခန်းမှာတစ်ကြိမ် လာပစ်သွားတယ်"ဟု KIA ရှေ့တန်းတာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။
စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် KIA ရှိသည့် တပ်စခန်း ၂နေရာတွင် လာရောက်ဗုံးကြဲတိုက်မှုတွင် KIA ဘက်က ထိခိုက်မှုမရှိခဲ့ကြောင်းလည်း သူကဆက်ဆိုသည်။
ထိုနည်းတူ KIA တပ်ရင်း ၁၄ နယ်မြေအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဖားကန့်ဘက်ရှိ KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၆ နယ်မြေအတွင်းသို့လည်း ထပ်မံပစ်ခတ်သွားကြောင်း သိရသည်။
Kachin News Group
No comments:
Post a Comment