တစ်ရက်တည်း စစ်​ကောင်စီတပ်သား ၄၀ထက်မနည်း​သေခဲ့​သော ​ဖေ​ဖော်ဝါရီ ၁၉ ရက်တိုက်ပွဲ စစ်သားများအစုလိုက်အပြုံလိုက်​ သေ​နေ​သော ဓာတ်ပုံများကို D4MMR ထုတ်ပြန်

(စစ်​ကောင်စီတပ်ဖွဲ့ဝင်များ၏ရုပ်အ​လောင်းများ။ဓါတ်ပုံ-D4MMR)

တစ်ရက်တည်းစစ်​ကောင်စီတပ်ဖွဲ့ဝင် ၄၀ ထက်မနည်းသေဆုံးပြီးအထိ့နာခဲ့​သော ​ဖေ​ဖော်ဝါရီ ၁၉ ရက်မိုးဗြဲတိုက်ပွဲတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​တောင်ယာခင်းအတွင်း အစုလိုက်အပြုံလိုက်​သေဆုံး​နေ​သော ဓါတ်ပုံများကို ယ​နေ့ D4MMR ကထုတ်ပြန်လိုက်သည်။

D4MMR ဆိုသည်မှာ Donate For Myanmar Revolutionaries ဆို​​​ ​သော​ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်သည်။

ရှမ်း-ကရင်နီနယ်စပ်ရှိ ဝါရီဆူးပလိုင်၊ လီဝိုး၊ ဝီသဲကူး(မြောက်ရွာ)ကျေးရွာများတွင် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိ၊အရာခံအပါအဝင် ၄၀ဦးထက်မနည်းသေဆုံးခဲ့ပြီး ကား ၃ စီးပျက်စီးခဲ့​ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ကထို့​နေကတိုက်ပွဲကိုသတင်းထုတ်ပြန်ထားသည်။ ထို​နေ့ကပြည်သူ့ကာကွယ်​​ရေးတပ်ဖွဲ့ များဘက်မှလည်း အကျအဆုံးရှိခဲ့ပြီး ဒီးမော့ဆို PDF တပ်ဖွဲ့မှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့​ကြောင်း​ဖော်ပြခဲ့သည်။

အကြမ်းဖက်စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်မိုးဗြဲ ကို​ဖေ​ဖော်ဝါရီ ၁၆ရက်မှစ၍ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ၊ဖယ်ခုံ မြို့နယ်များကို ​ဖေ​ဖော်ဝါရီ ၁၈ မှစ၍ တိုက်ခိုက်ခဲ့သလို ဒီ​မော့ဆိုမြို့နယ်သို့ ​ဖေ​ဖော်ဝါရီ ၂၁ မှစတင်တိုက်ခိုက်ခဲ့သည်။ အကြမ်းဖက်စစ်​ကောင်စီတပ်ကတပ်ဖွဲ့ဝင်အင်အားအများအသုံးပြုသလို တိုက်​လေယာဥ်များ ၊ သံချက်ကာကားများ၊လက်နက်ကြီးများဖြင့်ပါထိုးစစ်ဆင်ခဲ့သည်။

မိုးဗြဲPDF ၊ကရင်နီတပ်မ​တော်(KA)၊ဒီးမော့ဆို(PDF)၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KNDF၊ KGZ ၊JPDF ၊GZ-21စ​သော မဟာမိတ်တပ်ပေါင်းစုများက ပူးပေါင်းပြီးခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်​ကောင်စီတပ်အထိ့နာခဲ့သည်။ မိုးဗြဲ ၊ဒီးမော့ဆို ၊ ဖယ်ခုံ၊လွိုင်​ကော် တိုက်ပွဲများပါ ပါလျှင် ​ဖေ​ဖော်ဝါရီ ၁၆ ရက်မှ ၂၃ ရက်အထိ့ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်​သေဆုံးခဲ့​ကြောင်း PDF ၊ KNDF များ၏ထုတ်ပြန်ချက်အရသိ့ရသည်။ပြည့်သူ့ကူကွယ်​ရေးတပ်ဖွဲ့ဝင်များ ဘက်မှလည်း ၂၀ ​​ကျော်ကျဆုံးခဲ့​ကြောင်းထုတ်ပြန်ချက်များအရ သိရသည်။

ယ​နေ့အထိလည်းကရင်နီပြည်နယ်တွင်တိုက်ပွဲများပြင်းထန်​နေပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်​နေပြီး စစ်​ကောင်စီတပ်​တိုက်​လေယာဥ်များသုံး​သော်လည်း အထိနာ​နေသည်။


People's Spring 

တစ်ရက်တည်း စစ်​ကောင်စီတပ်သား ၄၀ထက်မနည်း​သေခဲ့​သော ​ဖေ​ဖော်ဝါရီ ၁၉ ရက်တိုက်ပွဲ စစ်သားများအစုလိုက်အပြုံလိုက်​ သေ​နေ​သော ဓာတ်ပုံများကို D4MMR ထုတ်ပြန် တစ်ရက်တည်း စစ်​ကောင်စီတပ်သား ၄၀ထက်မနည်း​သေခဲ့​သော ​ဖေ​ဖော်ဝါရီ ၁၉ ရက်တိုက်ပွဲ စစ်သားများအစုလိုက်အပြုံလိုက်​ သေ​နေ​သော ဓာတ်ပုံများကို D4MMR ထုတ်ပြန် Reviewed by THITHTOOLWIN on 22:18 Rating: 5

No comments:

Powered by Blogger.