နမ့်စန် လေတပ်စခန်းဌာနချုပ်မှ တပ်ကြပ်တစ်ဦး CDM ပြုလုပ်လာ


သျှမ်းတောင် နမ့်စန် လေတပ်စခန်းဌာနချုပ်၊ အမှတ်-၃၅ ကင်းထောက်လေယာဉ်အုပ် ဖစ်တာလေယာဉ် (ကိုယ်ထည်) လုပ်ငန်းမှ တပ်ကြပ်ဝေလ ပြည်သူ့ပန်းတိုင်အဖွဲ့၏ ချိတ်ဆက်ပေးမှုဖြင့် လွတ်မြောက်နယ်မြေတနေရာသို့ ဖေဖော်ဝါရီ ပထမအပတ်အတွင်းက ခိုလှုံလာခဲ့ပါတယ်။ 

"ရိုးသားချင်ယောင်ဆောင်ပြီး မရိုးသားမှုတွေကြားထဲမှာ ပြည်သူတွေပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းကို ပုဒ်မပေါင်းများစွာတတ်ပြီး အတင်းအဓမ္မယူ၊ ရက်စက်စွာ ညည်းပန်းနှိပ်စက်ပြီး သေလောက်တဲ့ထိ အပစ်ပေးတဲ့ တပ်မတော်မှာမနေချင်လို့ ခုလို CDM ဝင်ရောက်ရခြင်းဖြစ်ပါတယ်။ စစ်ဆေးရင်း သေသွားရင်တောင် ဗျူဟာမှူး အိပ်ရေးပျက်မှာစိုးလို့ မနက်မှ သတင်းပို့ပါဆိုတာ ကြုံခဲ့ရသေးတယ်ဗျ" လို့ တပ်ကြပ်ဝေလက ပြည်သူ့ပန်းတိုင်ကို ဖြေကြားထားပါတယ်။


SHAN News (Burmese Version) 

နမ့်စန် လေတပ်စခန်းဌာနချုပ်မှ တပ်ကြပ်တစ်ဦး CDM ပြုလုပ်လာ နမ့်စန် လေတပ်စခန်းဌာနချုပ်မှ တပ်ကြပ်တစ်ဦး CDM ပြုလုပ်လာ Reviewed by THITHTOOLWIN on 21:58 Rating: 5

No comments:

Powered by Blogger.