မကွေးတိုင်း ပခုက္ကူမြို့နယ်စည်ပင်သာယာရုံးရှိ Non-CDM ဝန်ထမ်းများကို သတိပေးသည့်အနေဖြင့် ပစ်ခတ်သတိပေးခဲ့ကြောင်း Young Force(UG) ပြောက်ကျားတပ်ဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၂၅) ထုတ်ပြန်သည်။
ယနေ့နံနက် ၁၁နာရီခွဲတွင် Earthquake People’s Defence Force(UG)မှ ရဲဘော်မလေးများက ဝင်ရောက်ပစ်ခတ် သတိပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့နောက် စည်ပက်ရုံးဝင်ပေါက်အနီးတွင် Young Force(UG)မှ မိုင်းဖြင့် ထပ်မံဖောက်ခွဲ၍ စစ်ကောင် စီ လက်အောက်တွင်တာဝန်ထမ်းနေသော Non-CDM ဝန်ထမ်းများကို သတိပေးခဲ့ကြောင်း ထုတ် ပြန်သည်။
"ပစ်ခတ်တာကတော့ သတိပေးတာပါ။ဖောက်ခွဲတာကတော့ သတိပေးပြီး ဖြစ်တဲ့အတွက် ရှေ့လျှောက် သုတ်သင်သွားမှာပါ ပခုက္ကူမှာ စည်ပင်ရုံးက အဆိုးဆုံး ခြိမ်းခြောက်တယ် အခွန်တွေကို ဖိအားပေး ကောက်ခံတယ်။အဲထဲမှာ Non CDM အများဆုံးနေတာ ဖြစ်ပြီး နောက်ဖေးပေါက်ကနေ ဖွင့်လှစ်ထားတာပါ"ဟု Young Force(UG) မှတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
"လောက်ကောင်များမှ “CDM”များကို မိုက်ရိုင်းစွာ ဆဲရေးတိုင်းထွာခြင်း၊ ဖိအားပေးမှု များပြုလုပ်ခြင်း၊ အခွန်များ ကောက်ခံခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်ပါတယ်"ဟု Young Force(UG)က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
" သတိပေးတဲ့ အဆင့်ကို ကျော်လွန်သွားပါပြီ ။အောက်ခြေက ဝန်ထမ်းတွေကပါ အထက်လူ သိသိမသိသိ ငွေကောက်ခံတာတွေရှိပါတယ်။အဓိကက ငွေကြေးစီးဆင်းမှု ယန္တရား လည်ပတ်မှုကို ဖြတ်တောက်ဖို့ ကြိုးစားတာပါ"ဟု စည်ပင်ရုံးသတိ့ပေးတိုက်ခိုက်ခြင်း၏ ရည်ရွယ်ချက်ကို အထက်ပါတာဝန်ရှိသူကရှင်းပြသည်။
ထိုသို့ သတိပေးခဲ့ပြီး မိမိတို့ အဖွဲ့ မှ အထိအခိုက်မရှိ သက်ဆိုင်ရာစခန်းများသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော အဆင့်မရှိလောက်ရုံးများနှင့် ရှောင်နိုင်သမျှ အဝေးမှာ ရှိနေပေးရန်လည်း ထပ်မံ အသိပေး တောင်းဆိုလိုက်ကြောင်း Earthquake People's Defence Force - UG၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပြည်သူလူထု၏ သဘောထားကို အလေးထားသောအားဖြင့် Non-CDM များအနေဖြင့်လည်း မိမိတို့၏ အလုပ်များမှ ချက်ချင်း(ချက်ချင်း) နှုတ်ထွက်ရန်နှင့် ဆက်လက်လုပ်ကိုင်နေပါက စစ်ကောင်စီနဲ့ပတ်သက်သူ မည်သူ့ကိုမျှ (မည်သူ့ကိုမျှ) အသက်အာမခံ မရှိပါကြောင်း နောက်ဆုံးအကြိမ်
(နောက်ဆုံးအကြိမ်) အသိပေးပြောကြားလိုက်ကြောင်း၊ မြေပြင်အခြေအနေအရ ပြည်သူလူထုအားမေတ္တာရပ်ခံထားသော ထုတ်ပြန်ချက်များကို ပြည်သူလူထုများဖက်မှလည်း လိုက်နာပေးကြပါရန် စစ်ကောင်စီ အကြမ်းဖက်သမားများ အမြစ်ပြုတ်ရေးကို ရှေးရှုပြီး အသိပေးလိုက်ကြောင်း Earthquake PDF - UGကထုတ်ပြန်သည်။
တိုက်ခိုက်ချိန်သည် နေ့ခင်းအချိန်ဖြစ်နေခြင်း၊ အမျိုးသမီးများပါဝင်ခြင်း၊ မှတ်တမ်းတင်Video ရိုက်ကူးရာတွင်လည်း လုံခြုံရေးအရထိခိုက်နိုင်ဖွယ်များပါရှိနေသောကြောင့် ပြည်သူများက စိုးရိမ်ခဲ့ကြသည်။
"လမ်းဆုံမှာ CCTV ရှိရင် အန္တရာယ်အတော်များပါတယ်။ မှတ်မိသွားနိုင်တယ်ဂရုစိုက်ကြပါ။ အဖိုးတန်တဲ့ ကလေးတွေပါ ဘေးကင်းကြပါစေ။"ဟု ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။
အာဏာရှင်စနစ်၏ ဖိနှိပ်ချုပ်ခြယ်မှုများကို Earthquake People's Defence Force - UG မှ နည်းပေါင်းစုံဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တော်လှန်တိုက်ခိုက်နေပြီး ပြည်သူလူထုနှင့်အတူ အမြဲရပ်တည်ပေးနေပါကြောင်း 𝐄𝐚𝐫𝐭𝐡𝐪𝐮𝐚𝐤𝐞 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐜𝐞 𝐅𝐨𝐫𝐜𝐞-𝐔𝐆က အသိပေးခဲ့သည်။
၎င်းတို့အနေဖြင့် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်ပတ်စေရန် ငွေကြေးစီးဆင်းနေသည့် ရုံးဌာနများ၊ အဖွဲ့အစည်းများနှင့် အစိပ်အပိုင်းများဖြစ်သော Non-CDM များကို ပစ်မှတ်ထားပြီး ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း လည်းYoung Force(UG)နှင့် မဟာမိတ်အဖွဲ့များက သတိပေးထားသည်။
People's Spring
No comments:
Post a Comment