ပေါင်းတည်တွင် ​ခြေလျင်လာသည့် စစ်​ကောင်စီတပ် မိုင်းခွဲခံရ၍ နှစ်ဦး​သေ၊ တစ်ဦးဒဏ်ရာရ


ပဲခူးတိုင်း ပေါင်းတည်မြို့နယ်အတွင်း ဖြတ်သွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းခွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PPDF ကသတင်းထုတ်ပြန်သည်။ 

ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ် ၃နာရီခွဲအချိန်ခန့်တွင် ပေါင်းတည်မြို့နယ် သိမ်ကုန်းနှင့်ငရှဉ့်ကွင်း ကျေးရွာအကြား ခြေလျင်ဖြင့်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းတိုက်ခိုက်မှု‌ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်သည့် ဒဏ်ရာရရှိခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့သော်လည်း PPDFတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။ 

PPDF အဖွဲ့သည် နှစ်ခြောက်လုံး​နေ့ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း တပ်မ (၆၆)ဆက်သွယ်ရေးဌာနမှ တပ်ကြပ်တစ်ဦးကိုလည်း ရှင်းလင်းခဲ့သည်။


People's Spring 

ပေါင်းတည်တွင် ​ခြေလျင်လာသည့် စစ်​ကောင်စီတပ် မိုင်းခွဲခံရ၍ နှစ်ဦး​သေ၊ တစ်ဦးဒဏ်ရာရ ပေါင်းတည်တွင် ​ခြေလျင်လာသည့် စစ်​ကောင်စီတပ် မိုင်းခွဲခံရ၍ နှစ်ဦး​သေ၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 22:17 Rating: 5

No comments:

Powered by Blogger.