ကနီမြို့နယ်ရှိ စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်တပ်ပေါင်းစုများမှ စုပေါင်းတိုက်ခိုက်ရာ စကစတပ်သား (၂၀) ကျော်သေဆုံး
ဖေဖော်ဝါရီ ၂၃
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ငါးဖျက်ရွာနှင့် ပန်းဆိုင်ရွာကြားတွင် ယမန်နေ့ မနက်ပိုင်းမှစ၍ KLG PDF၊ ဒေသတွင်းမဟာမိတ်တပ်ပေါင်းစုများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စကစတပ်သား (၂၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။
" မနက်ခင်း ၇ နာရီဝန်းကျင်ခန့်က KLG PDF နှင့်တစ်ကြိမ်၊ နေ့လည် ၉ နာရီအချိန်မှ ညနေ4နာရီဝန်းကျင်အချိန်ခန့်က KLG PDFနှင့် ကနီမြို့နယ် ဒေသတွင်းမဟာမိတ်တပ်ပေါင်းစုများ စုပေါင်း၍တစ်ကြိမ် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စကစဘက်မှ (၂၀) ကျော်ဝန်းကျင်ခန့် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်" ဟု KLG PDF ကထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲအတွင်း KLG PDF နှင့် ကနီမြို့နယ် မဟာမိတ်တပ်ပေါင်းစုဘက်မှ ရဲဘော် (၃) ယောက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်းသိရသည်။
ထို့နောက် အကြမ်းဖက်စကစတပ်များသည် သေဆုံးသူနှင့် ဒဏ်ရာရသူများကို ပြည်သူပိုင်လှေများယူပီး ကနီမြို့သို့ယူဆောင်သွားခဲ့ကြောင်း သိရသည်။
PDF Newsflash
No comments:
Post a Comment