ရွှေဘို၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဝါးရုန်ကန်ရွာအထွက်မှာ ဖေဖော်ဝါရီ ၂၃ ရက် မနေ့ကည ၉ နာရီက စစ်ကောင်စီတပ်သားတွေမိုင်းဆွဲခံရတယ်လို့ သိရပါတယ်။
ပလိုင်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီအင်အား ၅၀ ကျော်က ဝါးရုန်ကန်ရွာကနေ သန်းတောရွာဘက်ကို ၆၀ မမ လက်နက်ကြီးနဲ့ပစ်ပြီး စစ်ကြောင်းထိုးလာတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦးလည်း မိုင်းထိပြီး သေဆုံးခဲ့တယ်လို့ C&T SHWEBO တာဝန်ခံက ပြောပါတယ်။
“ မိုင်းဆွဲတာက ဝါးရုန်ကန်အထွက်မှာ တနေရာပဲ မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာ၊ အပြန်အလှန်ပစ်ခတ်တာတော့ မရှိခဲ့ဘူး၊ အလောင်းတွေကိုတော့ သူတို့တပ်စွဲထားတဲ့ နေရာကိုပြန်သယ်သွားလို့တော့ ယူဆရတယ်၊ “ လို့ သူကပြောပါတယ်။
ဒီတိုက်ခိုက်မှုကို C&T SHWEBO, SNAKE EYES-PDF နဲ့ နယ်မြေခံ ပ.က.ဖ အဖွဲ့အစည်းတွေပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ PDF ရဲဘော်တွေအနေနဲ့ ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလလောက်ကတည်းက ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှာတပ်စွဲနေခဲ့ပြီး၊ အဲ့ဒီအနီးတဝိုက်က ကျေးရွာတွေကိုလည်း မကြာခဏထိုးစစ်ဆင်တိုက်ခိုက်တာတွေအပြင် နေအိမ်တွေကိုလည်း အကြောင်းမယ့် မီးရှို့ဖျက်ဆီးတာတွေလုပ်နေတာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment