အကြမ်းဖက်စစ်တပ်က ဆက်လက်ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများအ​နေဖြင့် အ​ရေးကြီးပစ္စည်း ယူ​ဆောင်နိုင်​ရေး အသင့်ပြင်ဆင်ထားရန် ဖယ်ခုံပအဖသတိ​ပေး

 

(ဖယ်ခုံ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - ဖယ်ခုံ PDF)

ဖယ်ခုံမြို့နယ်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဆက်လက်ထိုးစစ်ဆင်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အရေးကြီးပစ္စည်းများကို ယူဆောင်သွားနိုင်ရေး အသင့်အနေအထားဖြင့် ပြင်ဆင်ထားရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ -ဖယ်ခုံက ယနေ့ (ဖေဖော်ဝါရီ ၂၃)တွင် သတိပေးထုတ်ပြန်သည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ရှိ ရပ်ကွက်များနှင့် ကျေးရွာအချို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က ထိုးစစ်ဆင်ရာတွင် ပြည်သူ့အိုးအိမ်များကို အကြောင်းမဲ့ ဖောက်ထွင်းခိုးယူမှုများနှင့် မီးရှို့ဖျက်ဆီးမှုတို့ကြောင့် ပြည်သူများ၏ အသက်လုံခြုံ ရေးနှင့် ပစ္စည်းဥစ္စာ ဆုံးရှုံးမှုကို ခြောက်လှန့်နေသည်ဟု အသိပေးသည်။ 

အပြစ်မဲ့ပြည်သူများသည် စစ်ပွဲအတွင်း ကြိုတင်ပြင်ဆင်ချိန် အလွန်နည်းသောကြောင့် အရေးကြီး ပစ္စည်းများနှင့် အိုးအိမ်များ လက်လွတ်ဆုံးရှုံးနေရသည်ဟုလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ -ဖယ်ခုံကဆိုသည်။ 

ရှမ်း-ကယားနယ်စပ်ရှိ ဖယ်ခုံနှင့် မိုးဗြဲမြို့တို့တွင် ​ဖေ​ဖော်ဝါရီ ၁၆ရက်ကစ၍ အကြမ်းဖက်စစ် ကောင်စီက သာလွန်အင်အားဖြင့် ထိုးစစ်ဆင်နေပြီး နေ့စဥ် လက်နက် ကြီးများနှင့် လေယာဥ်များ အသုံးပြုတိုက်ခိုက်နေသည်။ 

ယနေ့ နံနက်ပိုင်းကပင် မိုးဗြဲမြို့အခြေစိုက် (၄၂၂) တပ်မက ဖယ်ခုံမြို့နယ်ရှိ ကဖုရွာကို လက်နက်ကြီး ​ခြောက်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သည်။ 

စစ်ကောင်စီ၏အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ကဖုရွာနေ ဦးအန်းဂျေလို(အသက် ၇၂နှစ်)နှင့် မကယ်ရိုမင်း (အသက် ၁၄နှစ်) အပြစ်မဲ့ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ 

ယခုလို ပြည်သူနေထိုင်ရာ ကျေးရွာရပ်ကွက်သို့ အကြောင်းမဲ့ပစ်ခတ်ခြင်းသည် စစ်ကောင်စီတပ်တို့၏ လူမဆန်သောလုပ်ရပ်ဟု ဖယ်ခုံ PDFက ဆိုသည်။


People's Spring 

အကြမ်းဖက်စစ်တပ်က ဆက်လက်ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများအ​နေဖြင့် အ​ရေးကြီးပစ္စည်း ယူ​ဆောင်နိုင်​ရေး အသင့်ပြင်ဆင်ထားရန် ဖယ်ခုံပအဖသတိ​ပေး အကြမ်းဖက်စစ်တပ်က ဆက်လက်ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများအ​နေဖြင့် အ​ရေးကြီးပစ္စည်း ယူ​ဆောင်နိုင်​ရေး အသင့်ပြင်ဆင်ထားရန် ဖယ်ခုံပအဖသတိ​ပေး Reviewed by THITHTOOLWIN on 22:28 Rating: 5

No comments:

Powered by Blogger.