ယင်းမာပင်၊ ဖေဖေါ်ဝါရီ ၂၆၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ဆရာစံအဖွဲ့ဟာ စစ်ကောင်စီရဲ့ ဒေါက်တိုင်တခုဖြစ်တဲ့ Mytel တာဝါတိုင်ကို ဖေဖေါ်ဝါရီ ၂၅ ရက် မနေ့က နေ့လည် ၁ နာရီခွဲလောက်က မိုင်းခွဲဖြိုလှဲခဲ့တယ်လို့ သိရပါတယ်။
မိုင်တဲလ်တာဝါတိုင်ကရရှိတဲ့ အစိတ်အပိုင်းတွေကို စစ်ကောင်စီကို သတ်ဖြတ်မဲ့လက်နက်ပစ္စည်း ထုတ်လုပ်ရာမှာ အလေအလွင့်မရှိ ထိထိရောက်ရောက် ပြန်လည်အသုံးပြုသွားမှာဖြစ်တယ်လို့လည်း သူတို့ရဲ့ ဆရာစံလူမူကွန်ယက်စာမျက်နာကနေ ထုတ်ပြန်ထားပါတယ်။
"မိုင်တဲတာဝါတိုင်ကရတဲ့ အစိတ်အပိုင်းတွေကနေ မိုင်တဲလ်မမ က တာဝေးပစ်လက်နက်တွေ ထုတ်လုပ်ပါတယ်"လို့ ဆရာစံအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပထမအကြိမ် Mytel တာဝါတိုင်ကို ဇန်နဝါရီ ၂၇ ရက်နေ့က ဖြိုချခဲ့ပြီး ဒုတိယမြောက်တာဝါတိုင်ကို ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ဖြိုချကာ မိုင်တဲလ်မမတာဝေးပစ်လက်နက်တွေထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment