ဆယ်​ကျော်သက်အရွယ်သမီးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူကို အကြမ်းဖက်စစ်​ကောင်စီတပ်က ဖမ်းဆီး​သွားပြီး တစ်ရက်အကြာတွင် မီးကျွမ်း​​နေ​သော ရုပ်အ​လောင်းများသာပြန်​တွေ့

ကလေးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကောင်စီက တောင်ယာတဲတွင်စစ်ရှောင်နေသည့် ဆယ်​ကျော်သက်အရွယ် မိန်းကလေးငယ်နှစ်ဦးနှင့်မိခင်ဖြစ်သူ သုံးဦးစလုံးကို ဖမ်းဆီး​ခေါ်​ဆောင်သွားပြီး တစ်ရက်အကြာတွင်မီးရှို့သတ်ဖြတ်ထားပြီး မီးကျွမ်း​​နေ​သောခန္ဒာကိုယ်အစိတ်ပိုင်းများကိုသာ​တွေ့ရ​တော့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပြောသည်။

ကလေးမြို့နယ် ၊ချောင်းခွကျေးရွာမှ မိခင်ဖြစ်သူဒေါ်ငွန်ဇာလျန် (အသက် ၄၀နှစ်ဝန်းကျင်)နှင့် သမီးဖြစ်သူ  မချန်းနွန်ကြွန်း ( ၁၆နှစ်)သမီးငယ် မငွန်ဇာချန်း ( ၁၄နှစ်)တို့ကို ဖေဖော်ဝါရီ ၂၃ရက် နံနက်အ​စောပိုင်းတွင် ဖမ်းဆီးသွားပြီး မီးရှို့ထားသည့် ရုပ်အလောင်းများကိုသာ ယနေ့(ဖေဖော်ဝါရီ ၂၄ရက်)နံနက်တွင်မှပြန်ရှာတွေ့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

" စစ်ဘေးရှောင်ပုန်းခိုနေရစဉ်တွင်စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)များကတွေ့ရှိသွားပြီးအပြစ်မရှိတဲ့ သားအမိသုံးယောက်၊မိန်းမသားချည်းသီးသန့်ဖမ်းဆီးခေါ်ဆောင်သွားကာပဲခင်းတောတစ်နေရာက တဲတစ်ခုမှာမီးရှို့ ထားခဲ့ကြတယ်။စခမုဒိန်းကောင်တွေရဲ့ လုပ်ရပ်ကို ကမ္ဘာကသိအောင် ချပေးကြပါဗျာ" ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက လူမှုကွန်ရက်တွင် ​ရေးသားထားသည်။

"ကျွန်မတို့ကဖမ်းသွားကတည်းကသိတယ်။ အခုလို လုပ်မယ်လို့ တွေးမထားမိဘူး။ အခုတော့ မီးရှို့သတ်သွားတာ အတည်ပြုလို့ရပြီ။ အလောင်းတွေ ရွာကို ပြန်သယ်ခဲ့ပြီ"ဟု ဒေသခံတစ်ဦးကလည်းပြောသည်။ အဆိုပါဖြစ်ရပ်​ကြောင့် ​ဒေသခံများ မယုံနိုင်ဘဲ အံသြထိတ်လန့်တုန့်လှုပ် ​နေကြ​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

မီးရှို့သတ်ဖြတ်ခံရသူသုံးဦး၏ ဖခင်သည် ရွာတွင် ကျန်နေခဲ့၍ အဖမ်းမခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

ဖေဖော်ဝါရီ၂၂ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီက ကလေးမြို့ ငါးဖားရွာမှဆွံ့အနေသူတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သွားပြီး စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာများအား ယူဆောင်သွားခဲ့သည်ဟုဒေသခံများက ပြောသည်။

ထို့ကြောင့် ကလေးမြို့နယ်တွင် သုံးရက်အတွင်း အရပ်သား ငါးဦးကို စစ်ကောင်စီက သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။

People's Spring 

ဆယ်​ကျော်သက်အရွယ်သမီးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူကို အကြမ်းဖက်စစ်​ကောင်စီတပ်က ဖမ်းဆီး​သွားပြီး တစ်ရက်အကြာတွင် မီးကျွမ်း​​နေ​သော ရုပ်အ​လောင်းများသာပြန်​တွေ့ ဆယ်​ကျော်သက်အရွယ်သမီးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူကို အကြမ်းဖက်စစ်​ကောင်စီတပ်က ဖမ်းဆီး​သွားပြီး တစ်ရက်အကြာတွင် မီးကျွမ်း​​နေ​သော ရုပ်အ​လောင်းများသာပြန်​တွေ့ Reviewed by THITHTOOLWIN on 21:50 Rating: 5

No comments:

Powered by Blogger.