ခရမ်းမြို့ ယနေ့ ပိန်းကန်ရဲစခန်းနှင့် တမံကြီးကျေးရွာဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုစာရင်း အတည်ပြုထုတ်ပြန်ခြင်း။


ခရမ်းမြို့ ယနေ့ ပိန်းကန်ရဲစခန်း ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုဖြစ်စဥ်တွင်

သေဆုံး = ၅ ဦး (ရဲတပ်သားများ)

(မြေပြင်သေဆုံး ၅ ဦး + ဆေးရုံရောက်သေဆုံး ၁ ဦး)။

ဒဏ်ရာရ =  ၃ ဦး (၁ ဦးပြင်းထန်)။

ခရမ်းမြို့ ယနေ့ တမံကြီးကျေးရွာတွင် စစ်ကားများ မိုင်းခွဲခံရယူမှုဖြစ်စဥ်တွင်

သေဆုံး = ၆ ဦး (​စစ်သားများ)

(မြေပြင်သေဆုံး ၄ ဦး + ဆေးရုံရောက် ၂ ဦး)။

ဒဏ်ရာရ =  ၉ ဦး (၇ ဦးပြင်းထန်)(ဗျူဟာမှူးပါ၀င်)။

ခရမ်းမြို့ ယနေ့ဖြစ်စဥ်များတွင် စစ်ကောင်စီဘက်မှ ၁၁ ဦးသေ၊ ၁၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့၀င်စုစုပေါင်း ၂၃ ဦးအထိ ထိခိုက်ကျဆုံးမှုရှိကြောင်း ခရမ်းချန်နယ်မှ အတည်ပြုရရှိထားသည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၎င်းတို့ထိခိုက်သေဆုံးမှုအခြေအနေများကို ဖုံးကွယ်ထားသည့်အတွက် အမှန်တကယ် ထိခိုက်ကျဆုံးမှုအခြေအနေမှာ ယခုထက်ပိုမိုများပြားနိုင်သည်။

ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF - Khayan)ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ စစ်မြေပြင်မှ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။


Khayan Channel

ခရမ်းမြို့ ယနေ့ ပိန်းကန်ရဲစခန်းနှင့် တမံကြီးကျေးရွာဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုစာရင်း အတည်ပြုထုတ်ပြန်ခြင်း။ ခရမ်းမြို့ ယနေ့ ပိန်းကန်ရဲစခန်းနှင့် တမံကြီးကျေးရွာဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုစာရင်း အတည်ပြုထုတ်ပြန်ခြင်း။ Reviewed by THITHTOOLWIN on 22:44 Rating: 5

No comments:

Powered by Blogger.