မရမ်းကုန်းတွင် အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုအတွင်း လူငယ်(၁)ဦး သေဆုံး၊ (၂)ဦး ဒဏ်ရာရကာ (၄)ဦး ဖမ်းခံရ


ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်၌  ယနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ည(၇)နာရီကျော်က အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုအတွင်း လူငယ်တစ်ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရကာ (၄)ဦး ဖမ်းဆီးခံရကြောင်း MSI Youth Defence Forces က သတင်းထုတ်ပြန်ထားသည်။

ရန်ကင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းကလည်း ဆန္ဒပြပွဲအပြီး အနီးရှိ လူငယ်အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ရန်ကုန်တွင်ရှိနေသည့် သပိတ်အင်အားစုမှ လူငယ်များ၊ UG များကို ပိုက်စိပ်တိုက် ဖမ်းဆီးနေသဖြင့် ပြည်သူများ ကူညီပေးကြရန်  ဗမာ့လူငယ်ကွန်ရက်ကလည်း လွန်ခဲ့သည့် မိနစ်ပိုင်းအတွင်းက တိုက်တွန်းထားသည်ကို တွေ့ရသည်။

"ပြည်သူလူထုကြီးကို အထူးတိုက်တွန်းလိုတာက မိမိတိုအားလုံး လွတ်မြောက်ရေး အတွက် တော်လှန်ပေးနေတဲ့ ကျွန်တော်တို့ ရဲဘော်တွေကို ဝန်းရံပေးကြပါ။ ခိုလှုံစရာ၊ နေစရာတောင်းလာခဲ့ရင် ပေးကြပါ။ အစာရေစာ တောင်းခံလာခဲ့ရင် ကျွေးမွေးပေးကြပါ။"ဟု  ဗမာ့လူငယ်ကွန်ရက်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖမ်းဆီးရသည့်အကြောင်းရင်းကို မသိရသေးဘဲ နောက်ဆက်တွဲများဖြစ်စဉ်များကို Tachileik News Agency အနေဖြင့် စုံစမ်းနေဆဲဖြစ်ပါသည်။


Tachileik News Agency 

မရမ်းကုန်းတွင် အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုအတွင်း လူငယ်(၁)ဦး သေဆုံး၊ (၂)ဦး ဒဏ်ရာရကာ (၄)ဦး ဖမ်းခံရ မရမ်းကုန်းတွင် အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုအတွင်း လူငယ်(၁)ဦး သေဆုံး၊ (၂)ဦး ဒဏ်ရာရကာ (၄)ဦး ဖမ်းခံရ Reviewed by THITHTOOLWIN on 23:34 Rating: 5

No comments:

Powered by Blogger.