ဒီဇင်ဘာ ၂၃ ရက်
စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ ယာကြီးတောရွာမှ ပျူစောထီးအဖွဲ့ဝင် တစ်ဦးကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ရက်နေ့၊ နေ့လည် ၁၂နာရီ၃၀မိနစ် အချိန်က ဓားဖြင့်အခုတ်ခံရပြီးသေဆုံးသွားကြောင်းဒေသခံသတင်းရင်းမြစ်တစ်ခုဖြစ်သည့် မုံရွာအမြင့်လမ်း သတင်းမှန်ပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးသူ ပျူစောထီးအဖွဲ့ဝင်ဆိုသူမှာ မောင်ရဲလင်းကို အသက်၃၅ နှစ် ဖြစ်ပြီး ကံကြီးကုန်းကျေးရွာထိပ်တွင် ဓားဖြင့် အခုတ်ခံရခြင်းဖြစ်ကြောင်း ဗိုလ်စနေရှင်းလင်းရေးအဖွဲ့ မှ မုံရွာအမြင့်လမ်း သတင်းမှန်ပြန်ကြားရေးကို ပြောဆိုထားသည်။
Ayeyarwaddy Times
ချောင်းဦးမြို့နယ်က ပျူစောထီးအဖွဲ့ဝင် တစ်ဦး ဓားဖြင့် အခုတ်ခံရပြီး သေဆုံး
Reviewed by THITHTOOLWIN
on
21:38
Rating:
No comments:
Post a Comment