စန်းမြို့ရွာသို့ မီးလာရှို့သည့်စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တိုက်ခိုက် စစ်ကောင်စီတပ်မှ လေးဦးသေ၊ ၁၀ဦးခန့် ဒဏ်ရာရဟု YDFထုတ်ပြန်


မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ရွာရှိ နေအိမ်များကို မီးလာရှို့သည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ယောဒေသကာကွယ်ရေးတပ်(YDF)နှင့် မဟာမိတ်တပ်များက ပြန်လည်ခုခံရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု YDFက ယနေ့ ထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း၊ ကျောက်ပြုတ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီအင်အား ၄၀ခန့်နှင့် မြောက်ခင်ရန်းရွာ၊ကုက္ကားရွာ၊ ဟံသာဝတီ ရွာများမှ ပျူစောထီးများသည် ဇန်နဝါရီ ၁၈ရက် နေ့လယ်ပိုင်းတွင်   စန်းမြို့ရွာရှိ နေအိမ်များကို ဒုတိယအကြိမ် လာရောက်မီးရှို့ဖျက်စီးခဲ့၍ ခုခံတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲ၌ YDFမှ ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

 အကြမ်းဖက်စစ်ကောင်စီမှ စန်းမြို့ရွာကိုမီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ်၇၀ကျော် ပျက်စီးဆုံးရှုံးခဲ့ဟု YDFက ဖော်ပြခဲ့ပြီး ယောဒေသတွင် လတ်တလော တိုက်ပွဲများဆက်လက် ပြင်းထန်လာနိုင်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာအတွင်းကလည်း စန်းမြို့ရွာသို့ ဝင်ရောက်၍ ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်များမီးလောင်ပျက်စီးခဲ့သည်။


People's Spring 

စန်းမြို့ရွာသို့ မီးလာရှို့သည့်စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တိုက်ခိုက် စစ်ကောင်စီတပ်မှ လေးဦးသေ၊ ၁၀ဦးခန့် ဒဏ်ရာရဟု YDFထုတ်ပြန် စန်းမြို့ရွာသို့ မီးလာရှို့သည့်စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တိုက်ခိုက် စစ်ကောင်စီတပ်မှ လေးဦးသေ၊ ၁၀ဦးခန့် ဒဏ်ရာရဟု YDFထုတ်ပြန် Reviewed by THITHTOOLWIN on 22:33 Rating: 5

No comments:

Powered by Blogger.