ဝမ်းတွင်းမြို့နယ်အတွင်း တောင်သူများထံ ချေးငွေ ပြန်တောင်းနေသည့် စိုက်/ဘဏ် ဝန်ထမ်းများအားလုံးကို WTRF က သတိပေး


စစ်တပ်၏ အာဏာသိမ်းခံထားရမှုကြောင့် စီးပွားရေးအဆင်မပြေမှုများနှင့် ရင်ဆိုင်လာရသည့် ဝမ်းတွင်းမြို့နယ်အတွင်းမှ  တောင်သူများအပေါ် စိုက်/ဘဏ်က ချေးငွေများ ပြန်လည်ပေးတောင်းနေမှုနှင့် ပတ်သက်၍ ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ့ကွယ်ရေးအင်အားစု(WTRF)က စိုက်/ဘဏ်ဝန်ထမ်းများကို ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်လာသည်။

ပြည်သူများအပေါ် ယခုလို လုပ်ဆောင်ချက်များသည် မလျော်ကန် မလုပ်သင့် မလုပ်ထိုက်သည့်အတွက် အကြမ်းဖက် စစ်ကောင်စီ အာဏာ ဆက်လက်တည်မြဲစေရန် လုပ်ဆောင်ပေးနေသော မြို့နယ်စိုက်/ဘဏ်၀န်ထမ်းများ၊ ရပ်ကျေးဘဏ်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ အနေဖြင့် အဆိုပါ လုပ်ဆောင်ချက်ကို ချက်ချင်းရပ်တန့်ရန်   နောက်ဆုံးအနေဖြင့် အသိပေးသည်ဟု ထုတ်ပြန်ထားရှိသည်။

တောင်သူများထံမှ ချေးငွေပြန်တောင်းနေသည့် စိုက်ဘဏ်မှ မည်သူကိုမဆို  သုတ်သင်၊ ရှင်းလင်းသွားမည်ဖြစ်ဖြစ်သည့်အတွက် ပြန်တောင်းသူ၊ စေခိုင်းသူများ၏ အမည်၊ လိပ်စာနှင့် ပုံများ ပေးပို့၍ တိုင်ကြားနိုင်ကြောင်း  Wundwin Township Revolution Force (WTRF)က အသိပေးထားရှိသည်။


Tachileik News Agency 

ဝမ်းတွင်းမြို့နယ်အတွင်း တောင်သူများထံ ချေးငွေ ပြန်တောင်းနေသည့် စိုက်/ဘဏ် ဝန်ထမ်းများအားလုံးကို WTRF က သတိပေး ဝမ်းတွင်းမြို့နယ်အတွင်း တောင်သူများထံ ချေးငွေ ပြန်တောင်းနေသည့် စိုက်/ဘဏ် ဝန်ထမ်းများအားလုံးကို  WTRF က သတိပေး Reviewed by THITHTOOLWIN on 01:21 Rating: 5

No comments:

Powered by Blogger.