ပြင်သစ်ရေနံကုမ္ပဏီကြီး Total မြန်မာနိုင်ငံမှလုပ်ငန်းများရပ်ဆိုင်းရန်ဆုံးဖြတ်


ရန်ကုန်၊ ဇန်နဝါရီ ၂၁

လူ့အခွင့်အရေးအခြေအနေများ ပိုမိုဆိုးရွားလာသဖြင့် မြန်မာနိုင်ငံမှလုပ်ငန်းများရုတ်သိမ်းရန်ဆုံးဖြတ်လိုက်သည်ဟု ပြင်သစ်စွမ်းအင်လုပ်ငန်းကြီး Total energies က သောကြာနေ့တွင် ကြေညာသည်။

"‌၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီအာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာပိုဆိုးလာတဲ့ လူ့အခွင့်အရေးနဲ့ ခြုံငုံပြောရရင် တရားဥပဒေစိုးမိုးမှုတွေကြောင့် ကျွန်ုပ်တို့ဘက်က အခြေအနေကို ပြန်သုံးသပ်ခဲ့ရပြီးတော့ TotalEnergies အနေနဲ့ မြန်မာနိုင်ငံအကျိုးအမြတ်ရဖို့ ခွင့်မပြုတော့ပါဘူး"ဟု Total ကထုတ်ပြန်သည်။

"ဒါ့ကြောင့် ြမန်မာနိုင်ငံက ရတနာလုပ်ကွက်နဲ့ တခြားလုပ်ကွက်တွေရဲ့ ရှယ်ယာရှင်အနေနဲ့ရော၊ လုပ်ငန်းအဖွဲ့အနေနဲ့ရော နုတ်ထွက်ဖို့ စာချုပ်ပါလုပ်ငန်းစဉ်တွေစမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ လျော်ကြေးတစုံတရာပေးစရာလည်း မရှိပါဘူး။" ဟုလည်း ထုတ်ပြန်ချက်‌တွင်ပါဝင်သည်။

ယခုလုပ်ရပ်ကြောင့် ငွေကြေးဆုံးရှုံးမှုမည်မျှရှိမည်ဟု Total ကမပြောသော်လည်း မြန်မာနိုင်ငံသည် ကုမ္ပဏီဝင်ငွေ၏ အနည်းစုဖြစ်ကြောင်း ပြောသည်။

"၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံက လုပ်ငန်းတွေကနေ ဒေါ်လာ ၁၀၅ သန်းရခဲ့ပါတယ်။ ဒါဟာ ကုမ္ပဏီဝင်ငွေရဲ့ ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး" ဟုလည်း ပြောသည်။

မြန်မာနိုင်ငံ၏ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် စည်းကမ်းထိန်းသိမ်းမှုပိုင်းတာဝန်ယူပြီး အစိုးရကိုယ်စားဝင်ငွေကောက်ခံပေးသည့် လက်ရှိအာဏာသိမ်းစစ်အုပ်စုထိန်းချုပ်ထားသော ြမန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (M.O.G.E)ကိုလည်း ဒဏ်ခတ်အရေးယူမှုများပြုလုပ်ပေးရန် Total က အမေရိကန်နှင့် ပြင်သစ်အစိုးရတို့ကို တောင်းဆိုထားသည်။


Source - Reuters

MeKong News - မဲခေါင်သတင်း


ပြင်သစ်ရေနံကုမ္ပဏီကြီး Total မြန်မာနိုင်ငံမှလုပ်ငန်းများရပ်ဆိုင်းရန်ဆုံးဖြတ် ပြင်သစ်ရေနံကုမ္ပဏီကြီး Total မြန်မာနိုင်ငံမှလုပ်ငန်းများရပ်ဆိုင်းရန်ဆုံးဖြတ် Reviewed by THITHTOOLWIN on 21:46 Rating: 5

No comments:

Powered by Blogger.