နမ့်ခမ်းမြို့နယ်ထဲမှာ TNLA နဲ့ စစ်ကောင်စီ တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်တပ်ဘက်က သေဆုံးမှုရှိ


ဇန်နဝါရီ ၁၂ ရက်၊ နမ့်ခမ်း

ဒီနေ့ နေ့လယ် ၁ နာရီခွဲကနေ ၂ နာရီခွဲအထိ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်ထဲမှာ တအာင်းတပ်မတော် (TNLA)နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဟာ လွယ်လောင်နဲ့ မန်လွယ်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“စစ်တပ်က မန်လွယ်ကနေ ထိုးတက်လာတာကို TNLA ဘက်က ကြိုစောင့်ပြီး ထိတွေ့ပြီးတော့ တိုက်ပွဲဖြစ်တယ်လို့ ကြားရတယ်။ အဲတာ TNLA ဘက်က လက်နက် ၃ လက်လောက် ရသွားတယ်။ စစ်တပ်ဘက်က ၅ ယောက်လောက် ကျတယ်လို့တော့ ​ပြောနေကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စခန်းသစ်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ မန်လွယ်နဲ့ ကောင်းဝိုင်းရွာတွေထဲမှာ လက်နက်ကြီး ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နမ့်ခမ်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကလည်း TNLA နဲ့ စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၄ ဦးသေဆုံးခဲ့သလို ဒေသခံ ၆ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


Shwe Phee Myay News Agency 


နမ့်ခမ်းမြို့နယ်ထဲမှာ TNLA နဲ့ စစ်ကောင်စီ တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်တပ်ဘက်က သေဆုံးမှုရှိ နမ့်ခမ်းမြို့နယ်ထဲမှာ TNLA နဲ့ စစ်ကောင်စီ တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်တပ်ဘက်က သေဆုံးမှုရှိ Reviewed by THITHTOOLWIN on 19:50 Rating: 5

No comments:

Powered by Blogger.