လာမည့် ဖေဖော်ဝါရီ ၁ရက်တွင် ပြုလုပ်မည့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်(Silent Strike) တွင် ပြည်သူများ ပူးပေါင်းပါဝင်ရန် ရန်ကုန်မြို့ရှိ လူငယ်များက ကန်တော်ကြီးပန်းခြံ၌ ယနေ့ (ဇန်နဝါရီ ၃၀) နေ့လယ်ပိုင်း၌ စာတန်းချိတ်ဆွဲ၍ လှုံ့ဆော်ခဲ့သည်။
ယင်းလှုပ်ရှားမှုကို အလုပ်သမား၊ ကျောင်းသားပြည်သူများက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး “Feb 1, Silent Strike တွင် ပါဝင်ကြပါစို့ ပြည်သူအားလုံးသည် တော်လှန်ရေးသမားများ ဖြစ်ကြသည်” စာတန်းကို ချိတ်ဆွဲခဲ့ခြင်း ဖြစ်သည်။
တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ကို ဖေဖော်ဝါရီ ၁ရက် နံနက် ၁၀နာရီမှ ညနေ ၄နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး အသံတိတ်သပိတ်ပြီးနောက် လက်ခုပ်တီးသပိတ်ကို ညနေ ၄နာရီတွင် ပြုလုပ်၍ ပြည်သူတရပ်လုံးက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြသကြမည် ဖြစ်သည်။
ဓာတ်ပုံ - GSCB
People's Spring
Silent Strike တွင် ပြည်သူများပါဝင်ရန် ရန်ကုန်လူငယ်များ လှုံ့ဆော်
Reviewed by THITHTOOLWIN
on
16:53
Rating:
No comments:
Post a Comment