မန္တလေး တံခွန်တိုင်အဝိုင်းရှိ စကစများကို ဗုံးထုခဲ့ပြီး နှစ်ဦးခန့် သေနိုင်ဟု ROM ဆို၊


ဇန်နဝါရီ - ၂၀

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းအနီးတွင် လမ်းဘေးကင်းစောင့်ရင်း ဂိတ်းဆော့နေသော စကစများကို ဗုံးထုတိုက်ခိုက်ခဲ့ရာ စကစ နှစ်ဦးခန့် သေနိုင်ကြောင်း Rangers of Mandalay – ROM မြို့ပြပြောက်ကျားအဖွဲ့က ဆိုသည်။

ယနေ့ ဇန်နဝါရီ(၂၀)ရက် နေ့လည်ပိုင်းတွင် တံခွန်တိုင်အဝိုင်းရှိ စကစများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီနေ့ တံခွန်တိုင်နားမှာ Mobile Legend ကစားနေတဲ့ စခ တွေကို ရဲဘော်များမှ အသီးကျွေးခဲ့ပါတယ်။ အသီးမှာ ချိုလွန်းသဖြင့် တန်းမှောက်သွားပြီး AFK ဖြစ်ကာ ဂိမ်းထဲရော အပြင်မှာပါ ဂိန်သွားပါတယ်။ မုန့်ဟင်းခါး နှစ်ပွဲ ၊ သုံးပွဲ ရနိုင်ပါတယ်” ဟု ROM က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုသည် မန္တလေးမြို့ပေါ်ရှိ စကစများကို ROM အဖွဲ့က သုံးရက်ဆက်တိုက် တိုက်ခိုင်ခြင်း ဖြစ်ပြီး ယခင်နေ့များက မန္တလေးမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် မြဝတီဘဏ်ရှေ့ အစောင့်ကျ စကစများကိုလည်း ROM က ဖောက်ခွဲ တိုက်ခိုက်ခဲ့သေးသည်။

လက်ရှိတွင် မန္တလေးမြို့ရှိ စစ်ကောင်စီနှင့် ဆက်စပ်သူများ၊ စစ်ကောင်စီ လက်အောက်ခံများနှင့် စစ်ကောင်စီ သတင်း ပေးဒလန်များ ပစ်မှတ်ထားတိုက်ခိုက် ခံနေရပြီး ယနေ့ မနက်ပိုင်းကလည်း ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက်ရှိ စကစ လက်အောက်ခံ ရာအိမ်မှူးတစ်ဦး ရှမ်းခေါက်ဆွဲရောင်းနေချိန် ပစ်ခတ်ခံခဲ့ရသည်။


Mandalay Free Press - MFP


မန္တလေး တံခွန်တိုင်အဝိုင်းရှိ စကစများကို ဗုံးထုခဲ့ပြီး နှစ်ဦးခန့် သေနိုင်ဟု ROM ဆို၊ မန္တလေး တံခွန်တိုင်အဝိုင်းရှိ စကစများကို ဗုံးထုခဲ့ပြီး နှစ်ဦးခန့် သေနိုင်ဟု ROM ဆို၊ Reviewed by THITHTOOLWIN on 19:45 Rating: 5

No comments:

Powered by Blogger.