မတူပီမှာ စစ်တပ်မှ ဖမ်ဆီးသတ်ဖြတ်ခံရတဲ့ နှစ်ယောက်အနက် တစ်ယောက်မှာ Pu Tui Dim ဖြစ်ကြောင်းသိရ

Jan 9

Pu Tui Dim (Pu Tui/Pu Dim) ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ Jan 7 မနက်မှာ ဖမ်းဆီးကြရာ Jan 9 နေ့မှာတော့ သေဆုံး သတ်ဖြတ်ကြပြီလို့ သတင်းရရှိပါတယ်။ 

Pu Tui Dim ဟာ အကြမ်းဖက်စစ်ကောင်စီတပ်မှ Matupi ဘက်မှာ လူ 7 ဦး ဖမ်းဆီးခေါ်ဆောင်တဲ့ အထဲမှာ ပါဝင်ခဲ့ရာ ကံမကောင်းစွာဘဲ ၂ ဦး သတ်ဖြတ်တဲ့ အထဲမှာလည်း ပါခဲ့ပါတယ်။

Pu Tui Dim ဟာ CNA/F မှာ နှစ်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ရာကနေ သူကျွမ်းကျင်လှတဲ့  သတင်းမီဒီယာဘက်မှာ ခြေလှမ်းလာတဲ့သူဖြစ်ရာ Myanmar Media မှာ Mainstream Media တို့၊ Democratic Voice of Burma-DVB တို့ Khonumthung Media တည်‌ထောင်သူနှင့်  Editor လည်းဖြစ်ပါတယ်။ The Hakha Times သတင်းမီဒီယာမှာလည်း လုပ်ကိုင်တဲ့သူဖြစ်ရာ Chin National Journal မကဇင်း ထုတ်ဖို့အတွက်လည်း တာဝန်ယူနေတဲ့ ချင်းလူမျိုးတွေ အားကိုးအားထားရတဲ့ သူတဦးဖြစ်ပါတယ်။ 

အခုလို Pu Tui Dim ချင်းလူမျိုးတွေရဲ့ ကြယ်တပွင့် ကြွေသွားရတဲ့ သတင်းကြားသိရတာ အရမ်းဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။ 

Lian Hmung Sakhong မှလည်း ချင်းကြယ်တပွင့် Pu Tui Dim ကြွေလွင့်တာနဲ့ ပက်သက်ပြီး

" Pu Tui Dim, the CNF Hero! Who sacrificed his life for not only for the freedom of Chinland, Chinram and the Chin people but also for federalism, democracy and human rights in the Union of Burma, on 07-January-2022. Rest in Peace my dear friend. " လို့ ‌ရေးသားနှုတ်ဆက်ခဲ့ပါတယ်။

Matupi Revolution News

မတူပီမှာ စစ်တပ်မှ ဖမ်ဆီးသတ်ဖြတ်ခံရတဲ့ နှစ်ယောက်အနက် တစ်ယောက်မှာ Pu Tui Dim ဖြစ်ကြောင်းသိရ  မတူပီမှာ စစ်တပ်မှ ဖမ်ဆီးသတ်ဖြတ်ခံရတဲ့ နှစ်ယောက်အနက် တစ်ယောက်မှာ Pu Tui Dim ဖြစ်ကြောင်းသိရ Reviewed by THITHTOOLWIN on 08:52 Rating: 5

No comments:

Powered by Blogger.